My Entry For Around The World - Challenge #20/6 🌎

@ansoe ¡ 2025-09-22 02:54 ¡ Ecency

Hello everyone, have a nice day.

အားလုံးသောမိတ်ဆွေအပေါင်း မင်္ဂလာပါ။ ကောင်းသောနေ့လေးကို ပိုင်ဆိုင်နိုင်ကြပါစေ။


I love photography and I also love traveling. Do my friends love traveling? Traveling gives you the opportunity to learn about various local knowledge. You can also learn about the food habits of different regions, which is a lot of knowledge. In addition, it is refreshing for both people and the mind. For those who struggle to make a living every day, traveling can relieve the fatigue of work. It can also relieve stress. So I like to go on short or long trips often. Traveling often is also very suitable for students who are studying. The photo for this contest was taken while I was taking my friends to Pyin Oo Lwin, Mandalay Region. The place where I took the photo was at the B.E. Falls, a recreational area in Pyin Oo Lwin. Everyone who comes to Pyin Oo Lwin always visits the B.E. Falls. Since it is the rainy season, the sky is full of clouds. Since Pyin Oo Lwin is located at an altitude of more than 3,000 feet above sea level, the weather is always cold. I also recommended that if you visit Myanmar, you should visit Pyin Oo Lwin. There are many things to learn and see a variety of flowers.





ကျွန်တော်က ဓာတ်ပုံရိုက်ရတာဝါသနာပါသလို ခရီးသွားရတာကိုလည်း သဘောကျတယ်။ သူငယ်ချင်းတို့ကရော ခရီးသွားရတာကို သဘောကျလား? ခရီးသွားရတာက ဒေသန္တရ ဗဟုသုမျိုးစုံကို သိခွင့်ရပါတယ်။ နယ်မြေဒေသအလိုက် အစားအသောက် အနေအထိုင်တွေကိုလည်း သိရှိခွင့်ရတော့ ဗဟုသုများစွာရပါတယ်။ ဒါ့အပြင် လူရော စိတ်ပါလန်းဆန်းစေပါတယ်။ နေ့စဉ် စားဝတ်နေရေးအတွက် ရုန်းကန်နေကြရသူတွေ လုပ်ငန်းခွင်က ပင်ပန်းနွမ်းနယ်မှုတွေကို ခရီးသွားခြင်းက ဖြေဖျောက်ပေးနိုင်ပါတယ်။ စိတ်ပင်ပန်းမှုတွေကိုလည်း ပြေပျောက်စေပါတယ်။ ဒါကြောင့် ကျွန်တော်ကတော့ မကြာခဏ ခရီးတို ဒါမှမဟုတ် ခရီးရှည်ထွက်ရတာကို နှစ်ခြိုက်သဘောကျတယ်။ မကြာခဏ ခရီးသွားခြင်းက စာသင်ကြားနေရတဲ့ ကျောင်းသားအရွယ်တွေအတွက်လည်း အလွန်ပင်သင့်လျော်ပါတယ်။ အခုနပတါအတွက်ပြိုင်ပွဲဝင်ဓာတ်ပုံကိုလည်း မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ကို မိတ်‌ဆွေတွေကို လိုက်ပို့ပေးရင်းနဲ့ ရိုက်ယူခဲ့တာဖြစ်ပါတယ်။ ရိုက်ယူခဲ့တဲ့နေရာကတော့ ပွဲကောက်ရေတံခွန် ခေါ် ဘီ.အီး ဖောလ် မှာရှိတဲ့ အပန်းဖြေနေရာတစ်ခုပဲဖြစ်ပါတယ်။ ပြင်ဦးလွင်မြို့ကို ရောက်တဲ့သူတိုင်း ပွဲကောက်ရေတံခွန်ကို ဝင်ရောက်လည်ပတ်ကြတာကလည်း အမြဲလိုလိုဖြစ်ပါတယ်။ မိုးရာသီကာလဖြစ်တဲ့အတွက် ကောင်းကင်မှာတော့ တိမ်တွေနဲ့ပြည့်နေပါတယ်။ ပြင်ဦးလွင်မြို့က ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၃၀၀၀ ကျော်မှာတည်ရှိနေတဲ့အတွက် ရာသီဥတုကလည်း အမြဲတမ်း အေးနေတတ်ပါတယ်။ သူကယ်ချင်းတို့အနေနဲ့ မြန်မာပြည်ကို အလည်အပတ်ရောက်ခဲ့ရင် ပြင်ဦးလွင်မြို့ကို သွားရောက်လည်ပတ်သင့်ကြောင်းလည်း အကြံပြုလိုက်ပါတယ်။ လေ့လာစရာတွေများပြားသလို ပန်းမျိုးစုံကိုလည်းမြင်တွေ့နိုင်ပါတယ်။


The photo below is the contestant photo for this week's Around The World Challenge #20/6.

အောက်မှာဖော်ပြထားတဲ့ ဓာတ်ပုံကတော့ ဒီတပတ် Around The World Challenge #20/6. အတွက် ပြိုင်ပွဲဝင်ဓာတ်ပုံဖြစ်ပါတယ်။



With all due respect -

အားလုံးကို လေးစားလျှက် -


@ansoe

22 September 2025 MONDAY

#hive-125125 #hive-myanmar #myanmar #waivio #alive #seceney
Payout: 0.000 HBD
Votes: 22
More interactions (upvote, reblog, reply) coming soon.