My Entry For Around The World- Challenge #15/6 🌎

@ansoe ¡ 2025-08-18 05:14 ¡ Ecency

Hello everyone, have a nice day.

အားလုံးသောမိတ်ဆွေအပေါင်း မင်္ဂလာပါ။ ကောင်းသောနေ့လေးကို ပိုင်ဆိုင်နိုင်ကြပါစေ။


I'm going on short trips this month. I like traveling, but I don't want to travel during the rainy season. The short trips I take are to Pyin Oo Lwin. Pyin Oo Lwin is a mountainous city with good rainfall, so it rains more during the rainy season. Every time I go to Pyin Oo Lwin, it rains more. When it rains, there are fewer places to visit. I have to take visitors to Pyin Oo Lwin for work, so there are almost no places to visit. I usually take photos wherever I go, but it's raining. The cloudy sky is covered with clouds, so I can't take good photos.



The rain stopped and I set off for Pyin Oo Lwin. When I reached B. E Waterfall or Pwe Kauk Waterfall, it was only a little bit of rain. Because of the rain, there were few visitors. While looking around, I saw a scene that I wanted to take a picture of. I saw a little girl and a giant ape, so I took a picture of it by accident. A giant ape is a large toy made by humans. It is so well-made that if you look at it casually, you will think it is a real giant ape.





ယခုလအတွင်းမှာ ခရီးတိုလေးတွေသွားနေရတယ်။ ခရီးသွားရတာသဘောကျပေမယ့် မိုးရာသီကာလမှာတော့ ခရီးမသွားချင်ဘူး။ သွားရတဲ့ခရီးတိုလေးတွေကလည်း ပြင်ဦးလွင်မြို့ကိုပဲဖြစ်နေပါတယ်။ ပြင်ဦးလွင်မြို့ဆိုတာက တောင်ပေါ်မြို့ မိုးကောင်းတဲ့မြို့တစ်မြို့ဖြစ်တဲ့အတွက် မိုးရာသီကာလမှာဆိုတော့ မိုးရွာတဲ့အချိန်က ပိုများပါတယ်။ ကျွန်တော်ပြင်ဦးလွင်သွားတဲ့အခေါက်တိုင်းမှာလည်း မိုးရွာနေတာကများနေတော့တာပေါ့။ မိုးရွာနေတော့ ဘာဖြစ်မှာဆိုရင် အလည်အပတ်လို့ရမယ့်နေရာတွေနည်းသွားတာပေါ့။ အလုပ်ကိစ္စမပါပဲနဲ့ ဧည့်သည်တွေကို အလည်အပတ် ပြင်ဦးလွင်လိုက်ပို့ပေးရတာဖြစ်တဲ့အတွက် လည်ပတ်စရာနေရာ မရှိသလောက်ဖြစ်သွားတယ်။ ရောက်တဲ့နေရာမှာ ဓာတ်ပုံရိုက်တတ်တဲ့ ကျွန်တော့်အတွက် မိုးရွာနေတော့ ဓာတ်ပုံကောင်းကောင်းရိုက်မရတော့ပါဘူး။ အုံမှိုင်းနေတဲ့ ကောင်းကင်ကို တိမ်၏တွေက ဖုံးအုပ်ထားတော့ ရှုခင်းလှလှမရတော့ဘူးပေါ့။

မိုးရွာလိုက် ရပ်သွားလိုက်နဲ့ ပြင်ဦးလွင်ကို ထွက်လာခဲ့တယ်။ ဘီ. အီး ရေတံခွန် သို့မဟုတ် ပွဲကောက်ရေတံခွန်ရောက်တော့ မိုးအနည်းငယ်ပဲရွာနေတယ်။ မိုးရွာထားတဲ့အတွက် လာရောက်လည်ပတ်သူတွေလည်းနည်းနေတယ်။ လှည့်ပတ်ကြည့်ရင်းနဲ့ ဓာတ်ပုံရိုက်ချင်နေတဲ့ကျွန်တော့်အတွက် မြင်ကွင်းတစ်ခုကို မြင်လိုက်ရတယ်။မိန်းကလေးငယ်တစ်ယောက်နဲ့ လူဝံကြီးကိုတွေ့လိုက်ရတော့ အမှတ်တမဲ့ဓာတ်ပုံရိုက်ယူခဲ့တယ်။ လူဝံက လူတွေပြုလုပ်ထားတဲ့ အရုပ်ကြီးဖြစ်ပါတယ်။ လက်ရာသေသပ်တဲ့အတွက် အမှတ်တမဲ့ကြည့်လိုက်ရင် တကယ့်လူဝံအစစ်ကြီးလို့ထင်ချင်စရာပါပဲ။


The photo below is the contestant photo for this week's Around The World Challenge #15/6.

အောက်မှာဖော်ပြထားတဲ့ ဓာတ်ပုံကတော့ ဒီတပတ် Around The World Challenge #15/6. အတွက် ပြိုင်ပွဲဝင်ဓာတ်ပုံဖြစ်ပါတယ်။



With all due respect -

အားလုံးကို လေးစားလျှက် -


@ansoe

18 August 2025 MON DAY

#hive-125125 #hive-myanmar #myanmar #waivio #alive
Payout: 0.870 HBD
Votes: 54
More interactions (upvote, reblog, reply) coming soon.