My Entry For Around The World - Challenge #21/6 🌎

@ansoe · 2025-09-30 08:02 · Ecency

Hello everyone, have a nice day.

အားလုံးသောမိတ်ဆွေအပေါင်း မင်္ဂလာပါ။ ကောင်းသောနေ့လေးကို ပိုင်ဆိုင်နိုင်ကြပါစေ။


The rainy season is not over yet, so we see clouds in the sky almost every day. There are times when the clouds are gone, but not for long. It has been about 6 months since the earthquake, so some of the damaged pagodas are being repaired. The Kaungmutaw Pagoda that I visited is also being repaired. It takes a lot of time and money to repair the huge Kaungmutaw Pagoda. The number of poles used to repair the pagoda is over 150,000. For our country, which is facing various difficulties, the cost of the poles alone will cost about 4.5 billion Myanmar kyats. Not including labor costs. This week's contest photo is also sharing a photo of the beautiful lake with clouds at the famous Kaungmutaw Pagoda in Sagaing. This large lake is called the Lake of Myitta. I visited the Kaungmutaw Pagoda 3 days ago.



မိုးရာသီကာလ မပြီးဆုံးသေးတဲ့အတွက် နေ့တိုင်းလိုလို ကောင်းကင်မှာ တိမ်တွေကို မြင်တွေ့နေရတယ်။ တိမ်ကင်းစင်သွားတဲ့အချိန်တွေရှိပေမယ့် အကြာကြီးတော့မဟုတ်ဘူး။ ငလျင်ကြီးလှုပ်ခတ်ပြီး ၆ လခန့်ကြာခဲ့ပြီဖြစ်လို့ ပျက်စီးသွားတဲ့ စေတီတော်အချို့ကို ပြန်လည်ပြုပြင် တည်ဆောက်ရေးလုပ်ငန်းတွေလည်း လုပ်ဆောင်နေကြရပြီဖြစ်ပါတယ်။ ကျွန်တော်သွားရောက်ဖူးမျှော်နေတဲ့ ကောင်းမူတော်ဘုရားလည်း ပြုပြင်နေပြီဖြစ်ပါတယ်။ ထုထည်ကြီးမားလွန်းတဲ့ ကောင်းမှုတော်ဘုရားကို ပြုပြင်ဖို့အတွက် အချိန်အများကြီးလိုအပ်သလို ငွေကြေးအကုန်အကျလည်း အလွန်များပြားမှာပါ။ စေတီတော်ကြီးကိုပြုပြင်ဖို့ အသုံးပြုရတဲ့ ဝါးလုံးအရေအတွက်က တစ်သိန်းငါးသောင်းကျော်ရှိကြောင်းသိရပါတယ်။ အခုလို အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရတဲ့ ကျွန်တော်တို့မြန်မာနိုင်ငံအတွက် ဝါးလုံးဖိုးကုန်ကျငွေကပင်လျှင် မြန်မာကျပ်ငွေ သိန်း ၄၅၀ ခန့် ကုန်ကျနေမှာပါ။ လုပ်အားခမပါသေးပါဘူး။ အခုတပတ်အတွက် ပြိုင်ပွဲဝင်ဓာတ်ပုံကိုလည်း စစ်ကိုင်းမြို့ရဲ့ လူသိများထင်ရှားတဲ့ ကောင်းမှုတော်စေတီမှာရှိတဲ့တိမ်တွေနဲ့ လှပနေတဲ့ ရေကန်ကြီးရဲ့ ဓာတ်ပုံကိုမျှဝေလိုက်ရပါတယ်။ ကောင်းမှုတော်စေတီတော်ကို လွန်ခဲ့တဲ့ ၃ ရက်ခန့်က ‌သွားရောက်ခဲ့ခြင်းဖြစ်ပါတယ်။


The photo below is the contestant photo for this week's Around The World Challenge #21/6.

အောက်မှာဖော်ပြထားတဲ့ ဓာတ်ပုံကတော့ ဒီတပတ် Around The World Challenge #21/6. အတွက် ပြိုင်ပွဲဝင်ဓာတ်ပုံဖြစ်ပါတယ်။



With all due respect -

အားလုံးကို လေးစားလျှက် -


@ansoe

30 September 2025 TUESDAY

#hive-125125 #hive-myanmar #myanmar #waivio #alive #seceney
Payout: 0.262 HBD
Votes: 21
More interactions (upvote, reblog, reply) coming soon.