Hello everyone, have a nice day.
အားလုံးသောမိတ်ဆွေအပေါင်း မင်္ဂလာပါ။ ကောင်းသောနေ့လေးကို ပိုင်ဆိုင်နိုင်ကြပါစေ။
Thais are Buddhists, just like Burmese people. Thais and Burmese people have many similarities. Their artwork is also very similar. I am sharing pictures of religious buildings that Thais have donated to build in Sagaing H, where I live. The roof of the building is different from the Burmese, but almost everything else is very similar to Burmese buildings. The lion statues in front of the buildings are all different. I think the one with the elephant-like trunk is the most unique. The wood used is very large and strong. It is believed that it was built according to the ancient buildings. It can be seen that these buildings were not damaged by the strong earthquake that shook on 28-3-2025. Friends, you can see that the pagoda on the mountain is damaged.
ထိုင်းလူမျိုးတို့သည် မြန်မာလူမျိုးများကဲ့သို့ ဗုဒ္ဓဘာသာကို သက်ဝက်ယုံကြည်ကြသူများဖြစ်ကြပါသည်။ ထိုင်းလူမျိုး နှင့် မြန်မာလူမျိုးတို့သည် တူညီမှုများစွာရှိကြပါသည်။ အနုပညာလက်ရာများသည်လည်း အလွန်ဆင်တူကြပါသည်။ ကျွန်တော်နေထိုင်ရာ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်တန်းတွင် ထိုင်းလူမျိုးများလာရောက် ဆောက်လုပ်လှူဒါန်းထားသော ဘာသာရေးဆိုင်ရာ အဆောက်အဦပုံများကို မျှဝေလိုက်ပါတယ်။ အဆောက်အဦ၏ အမိုးပြုလုပ်ထားပုံမှာ မြန်မာတို့နှင့်မတူညီသော်လည်း အခြားအရာအားလုံးနီးပါးက မြန်မာ့အဆောက်အဦများနှင့် အလွန်တူညီပါသည်။ အသုံးပြုထားသော သစ်သားများသည် အလွန်ကြီးမားခိုင်ခံ့သည်ကိုမြင်ရပါသည်။ ရှေးယခင်အဆောက်အဦများအတိုင်း ဆောက်လုပ်ခြင်းဖြစ်မည်ဟု ယူဆပါသည်။ အဆောက်အဦများ၏ရှေ့တွင်ရှိသော ခြင်္သေ့ရုပ်တုများသည် မတူညီကြပါ။ ဆင်နှာမောင်းကဲ့သို့ပါရှိသော ခြင်္သေ့ရုပ်ထုသည် အထူးခြားဆုံးဖြစ်မည်ထင်ပါသည်။ ထိုအဆောက်အဦများသည် ၂၈-၃-၂၀၂၅ ရက်နေ့က လှုပ်ခတ်ခဲ့သော အားပြင်းငလျင်ကြောင့် ပျက်စီးမှုမရှိသည်ကိုတွေ့မြင်ရပါသည်။ တောင်ပေါ်မှ စေတီတော်ကမူ ပျက်စီးနေသည်ကို သူငယ်ချင်းတို့မြင်နိုင်ပါသည်။
The photo below is the contestant photo for this week's Around The World Challenge #14/6.
အောက်မှာဖော်ပြထားတဲ့ ဓာတ်ပုံကတော့ ဒီတပတ် Around The World Challenge #14/6. အတွက် ပြိုင်ပွဲဝင်ဓာတ်ပုံဖြစ်ပါတယ်။
With all due respect -
အားလုံးကို လေးစားလျှက် -