Bird watching while visiting Pagoda

@golden.future · 2025-09-11 01:27 · Feathered Friends

May you be blessed.

I have been to Maha Myat Muni Pagoda which I haven't been to Mandalay for a long time. It was before the devastating earthquake. So it has been about 7 months since I haven't been to Maha Myat Muni Pagoda.

I had heard that some of the buildings in the pagoda compound had been damaged by the devastating earthquake, so I did not go to visit. The previous day, I had visited the Maha Myat Muni Pagoda briefly while I was in Mandalay for shopping.

We can't visit the temple grounds like before. There are no large buildings on the side where the fish pond is, so I saw pilgrims resting. I saw many pigeons on the small stall where fish food was sold. These pigeons are waiting to pick up the food that the pilgrims feed the fish.

I saw some herons near the fountain in the middle of the pond. It was strange to see herons in an urban pond. They were probably lurking to eat the fish in the pond.

I also made a pilgrimage and took some memorable photos to share with the Feathered Friends Community. May all my friends be healthy, wealthy and happy.

မင်္ဂလာရှိကြပါစေ။

မရောက်တာကြာခဲ့ပြီဖြစ်သော မန္တလေးမြို့ မဟာမြတ်မုနိဘုရားကြီး သို့ ဘုရားဖူးရောက်ဖြစ်ခဲ့သည်။ မရောက်တာကြာဆို ဖျက်အားပြင်းငလျင်ကြီး မလှုပ်ခတ်ခင်ကတည်းက ဖြစ်သည်။ ဒီတော့ မဟာမြတ်မုနိဘုရားကြီး သို့ မရောက်ဖြစ်သည်မှာ ၇ လလောက် ရှိခဲ့ပါပြီ။

ဖျက်အားပြင်းငလျင်ကြီး လှုပ်ခတ်‌ခဲ့သောကြောင့် ဘုရားကြီးဝင်း အတွင်းရှိ အဆောက်အဦးအချို့ ပျက်စီးခဲ့သည်ဟု ကြားသိခဲ့ရသောကြောင့် ဘုရားဖူး မသွားရောက်ခဲ့ခြင်း ဖြစ်သည်။ ယခင်နေ့ကတော့ ဈေးဝယ်ရန်အကြောင်းဖြင့် မန္တလေးမြို့ သို့ ရောက်ခဲ့စဉ် ‌မဟာမြတ်မုနိဘုရားကြီးအား ခေတ္တခဏ ဝင်ရောက် ဖူးမြော်ခဲ့ပါသည်။

ယခင်ကကဲ့သို့ ဘုရားကြီး ဝင်းအတွင်း လည်ပတ်ကြည့်ရှုလို့ မရပါ။ ငါးကန် ရှိသည့်ဘက်မှာတော့ အဆောက်အဦကြီးများ မရှိသည့်အတွက် ဘုရားဖူးဧည့်သည်များ နားနေကြသည်ကို တွေ့မြင်ခဲ့ရသည်။ ငါးစာများ ရောင်းချပေးသော အဆောင်ငယ် အပေါ်၌ ခိုငှက်များစွာကို တွေ့မြင်ခဲ့ရသည်။ ဘုရားဖူးဧည့်သည်များ ငါးတွေကို ကျွေးသော အစာများကို ကောက်ယူစားရန် စောင့်ဆိုင်းနေကြသည့် ခိုများ ဖြစ်ပါသည်။

ငါးကန်၏ အလယ်ပိုင်း ရေပန်း ရှိရာနေရာ၌ ဗျိုင်းငှက်အချို့ကို တွေ့မြင်ခဲ့ရသည်။ မြို့ပြ ငါးကန်၌ ဗျိုင်း ကို မြင်ရသည်မှာ ထူးဆန်းသည်။ ကန်ထဲက ငါးများကို စားရန် ချောင်းမြောင်းနေသော ဗျိုင်း ဖြစ်နိုင်သည်။

ကျွန်တော်လည်း ဘုရားဖူးပြီး Feathered Friends Community ၌ ဖော်ပြနိုင်ရန် အမှတ်တရဓာတ်ပုံအချို့ကို ရိုက်ယူခဲ့ပါသည်။ မိတ်ဆွေများ ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေ။

#hive-106444 #cch #photography #neoxian #waivio #pob #trafficinsider #palnet #myanmar
Payout: 1.795 HBD
Votes: 108
More interactions (upvote, reblog, reply) coming soon.