May you be filled with all blessings.
It rained yesterday and this morning. When the rain stops, I will go to the villages where I visit every day.
Even though it had rained, the sky was still covered in clouds. Even though the clouds were thick, the sun was still shining brightly. So, the beauty of the clouds in the sky was clearly visible.
I also enjoyed the beauty of the clouds while riding my motorcycle. The ground was covered in green fields of peanuts. The peanut plants that were weak and needed water the previous day were now thriving. It was also peaceful to look at the lush green fields.
So I stopped my motorcycle at two places and took pictures of the countryside with my phone camera. I want you to see and experience the natural beauty of the peaceful countryside as I did. Nature is a peaceful treasure.
မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေ။
မနေ့ကနှင့် ဒီနေ့ မနက်ခင်းပိုင်းတွေမှာ မိုးရွာသွန်းခဲ့သည်။ မိုးရပ်စဲသွားလျှင်တော့ ကျွန်တော်လည်း နေ့စဉ် ရောက်နေကြ ကျေးရွာတွေဆီ သွားဖြစ်ပါသည်။
မိုးရွာပြီးပေမယ့် ကောင်းကင်၌ တိမ်တွေ ထူထပ်နေသေးသည်။ တိမ်တွေ ထူနေပေမယ့်လည်း နေပူရှိန်ပြင်းပါသည်။ ဒီတော့ ကောင်းကင်မှ တိမ်တွေ၏အလှကို ထင်းလင်းစွာ တွေ့မြင်ရသည်။
ကျွန်တော်လည်း ဆိုင်ကယ်စီးရင်း တိမ်တွေ၏အလှကို ငေးမောမိခဲ့သည်။ မြေပြင်၌ကား မြေပဲခင်းများဖြင့် စိမ်းစိုနေသည်။ ယခင်ရက်ပိုင်းက ရေလိုအပ်နေသော ငြှိုးငယ်နေသော မြေပဲပင်များသည် ယခုတော့ ကြွားကြွားဝင့်နေကြပြီ။ စိမ်းလန်းစိုပြေနေသော ယာခင်းပြင်ကြီးကို ကြည့်မြင်ရသည်မှာလည်း အေးချမ်းလှသည်။
သို့နှင့် ကျွန်တော်လည်း ဆိုင်ကယ်ကို နှစ်နေရာလောက် ရပ်နားကာ ကျေးလက်ရှုခင်းကို Phone Camera ဖြင့် ဓာတ်ပုံရိုက်ယူခဲ့သည်။ အေးချမ်းသာယာသော ကျေးလက်ရှုမြင်ကွင်း၏ သဘာဝအရသာကို ကျွန်တော် ခံစားရသကဲ့သို့ မိတ်ဆွေတို့ ကြည့်မြင်နိုင်စေရန် ဖော်ပြပေးလိုက်ပါသည်။ သဘာဝသည်သာ ငြိမ်းချမ်းသော ရတနာပါ။