May you be blessed.
The weather is sunny and cloudy. It doesn't rain. The sky is thick with clouds. The sun is shining brightly. When the clouds cover the sun, it becomes cloudy.
I was also returning from another village when I saw a large lake in the forest halfway. The natural lake was a short distance from the road. I wondered if I would see any reflections in the lake, so I went to see it.
I was riding a motorcycle on the edge of the lake and saw the scenery. There were rice fields on the side of the lake. There were many big trees and vegetables growing in the lake. Although there was water in the lake, the vegetables were covered. So I couldn't see the reflections on the water very well.
I also took photos of the natural scenery when I arrived. This is just one of my efforts to showcase the rural scenery on the Hive Blockchain. Friends, please enjoy my photos.
မင်္ဂလာရှိကြပါစေ။
ရာသီဥတုကတော့ နေပူလိုက် မိုးအုံ့လိုက်ပါပဲ။ မိုးကတော့ မရွာပါဘူး။ ကောင်းကင်မှာတော့ တိမ်တွေ ထူထပ်နေပါတယ်။ နေကတော့ အရှိန်ပြင်းပြင်း ထွန်းလင်းနေပါတယ်။ နေလုံးကို တိမ်က ဖုံးသွားချိန်မှာတော့ မိုးအုံ့သွားပါတယ်။
ကျွန်တော်လည်း အခြား ကျေးရွာတစ်ရွာမှ ပြန်လာစဉ် လမ်းတဝက်၌ တောထဲမှ ရေအိုင်ကြီး တစ်ခုကို မြင်မိခဲ့ပါတယ်။ သဘာဝရေအိုင်ကြီးသည် ကားလမ်းမ နှင့် တစ်ဖာလုံလောက် ဝေးပါတယ်။ ကျွန်တော်လည်း ရေအိုင် ထဲမှာ အလင်းပြန်ပုံရိပ်များ မြင်တွေ့ရမလားဟု တွေးမိကာ သွားကြည့်ခဲ့ပါတယ်။
ရေအိုင်ဘောင်ပေါ် ဆိုင်ကယ်စီးရင်း ရှုခင်း ကြည့်ဖြစ်ခဲ့ပါတယ်။ ရေအိုင်၏ ဘေးဘက်မှာ စပါးခင်းများ ရှိကြပါတယ်။ ရေအိုင် ထဲမှာတော့ သစ်ပင်ကြီးများ နှင့် ဟင်းရွက်ပင်များ ပေါများစွာ ပေါက်ရောက်နေကြပါတယ်။ ရေအိုင်ထဲ ရေရှိပေမယ့် ဟင်းရွက်ပင်တွေက ဖုံးလွှမ်းနေပါတယ်။ ဒီတော့ ရေပြင်ထဲက အလင်းပြန်ပုံရိပ်တွေကို ကောင်းစွာ မမြင်တွေ့ခဲ့ရပါ။
ကျွန်တော်လည်း ရောက်လက်စနဲ့ တောသဘာဝရှုခင်းတွေကိုသာ ဓာတ်ပုံရိုက်ယူရခဲ့ပါတယ်။ ဒါက Hive Blockchain ပေါ်မှာ ကျေးလက်သဘာဝရှုခင်းတွေ ဖော်ပြနိုင်ရန် ကျွန်တော်၏ လုပ်ဆောင်ချက်တစ်ခုမျှသာ ဖြစ်ပါသည်။ မိတ်ဆွေများ ကျွန်တော်၏ပုံတွေ ကြည့်မြင်ရင်း စိတ်ကြည်နူးပျော်ရွှင်ကြပါစေ။