Entry For Reflection Hunters Contest

@golden.future · 2025-09-09 21:45 · Shadow Hunters

May you be filled with all blessings.

If it rains the next day and it doesn't rain, it's very hot. Is this the case in your area? When the heat of the sun hits the ground, which is wet from the rain, the water vapor evaporates, making it hotter than normal.

However, I am still working on my daily survival. Every day, I pass a road that is flooded with rainwater. The road is lower than other places, and there is a puddle of water on the side of the road.

The rain that fell yesterday was flowing down from high to low, creating a puddle on the road. There were heavy clouds in the sky, so I could see the reflection of the clouds on the water above the road. So before I went into the water, I stopped my motorcycle and took some photos of the reflection.

မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေ။

မိုးရွာပြီး နောက်တစ်ရက် မိုးမရွာပါလျှင် အလွန်ပူအိုက်ပါသည်။ မိတ်ဆွေတို့၏ဒေသမှာလည်း ဒီလိုပါပဲလား။ မိုးရေကြောင့် စိုစွတ်နေသော မြေပြင်ပေါ် နေရောင်ခြည်၏အပူရှိန် ကျရောက်သောအခါ ရေငွေ့များ ပျံထွက်လာသောကြောင့် သာမန်ရက်ထက် ပိုမို ပူအိုက်ခြင်း ဖြစ်သည်။

မည်သို့ပင်ရှိစေ ကျွန်တော်ကတော့ ဘဝရှင်သန်ရပ်တည်ရေး နေ့စဉ်ပုံမှန် လုပ်ဆောင်နေပါသည်။ ကျွန်တော် နေ့စဉ်တိုင်းလိုလို ဖြတ်သွား‌ဖြစ်သော ကားလမ်းမ တနေရာသည် မိုးရေစီးကြောင်း ဖြတ်သွားတတ်ပါသည်။ ထိုလမ်းမ တနေရာသည် အခြားနေရာအောက် နိမ့်ပါးနေသကဲ့သို့ ထိုနေရာဘေးဘက်သည်လည်း ရေအိုင် ဖြစ်နေတတ်ပါသည်။

မနေ့က ရွာချထားသော မိုးရေများသည် မြင့်ရာမှ နိမ့်ရာသို့ စီးဆင်းလာပြီး လမ်းမပေါ် ရေအိုင်ဖြစ်နေပါသည်။ ကောင်းကင်၌ တိမ်တွေ ထူထပ်စွာ ရှိနေသောကြောင့် လမ်းမထက်က ရေပြင်၌ တိမ်တွေ၏ ပုံရိပ်ကို မြင်တွေ့ခဲ့ရသည်။ သို့ဖြစ်၍ ကျွန်တော်လည်း ရေထဲ မဆင်းခင် ဆိုင်ကယ်ကို ရပ်နားကာ အလင်းပြန်ပုံရိပ်တွေကို ဓာတ်ပုံရိုက်ယူခဲ့ပါသည်။

#hive-179017 #reflections #neoxian #photography #waivio #pob #trafficinsider #myanmar #palnet
Payout: 0.397 HBD
Votes: 39
More interactions (upvote, reblog, reply) coming soon.