May you be blessed.
Today I visited a village that I have only visited occasionally. Along the road leading to the village, there are both rice fields and peanut fields.
Before reaching the village, there is a fork in the road leading to the monastery. At the entrance to the fork, a gate has been built. Although it is the entrance to the gate of the monastery, the monastery cannot be seen from here. This is built according to the cultural traditions of the Buddhists.
When I returned from the village after finishing my work, the sun was scorching. I saw the shadow of the monastery gate in the sun, so I took a picture. And so I got a shadow picture for the Shadow Hunters Contest.
မင်္ဂလာရှိကြပါစေ။
ဒီနေ့တော့ တခါတလေမှ ရောက်ဖြစ်သော ကျေးရွာတစ်ရွာသို့ သွားရောက်ခဲ့ပါတယ်။ ထိုရွာသို့ သွားသော လမ်းနဘေးမှာတော့ စပါးခင်းတွေရော မြေပဲခင်းတွေရော စိုက်ပျိုးထားကြပါတယ်။
ကျေးရွာသို့ မရောက်ခင် လမ်းနဘေး၌ ဘုန်းကြီးကျောင်း သို့ သွားသော လမ်းခွဲရှိသည်။ ထိုလမ်းခွဲ အဝင်ဝ၌ မုဒ်ဦး တစ်ခု တည်ဆောက်ထားသည်။ ဘုန်းကြီးကျောင်း၏ မုဒ်ဦးအဝင်ပေါက် ဖြစ်ပေမယ့် ဒီနေရာမှ ဘုန်းကြီးကျောင်းကို မမြင်ရပါ။ ဤသည်မှာ ဗုဒ္ဓဘာသာဝင်တို့၏ ယဉ်ကျေးမှုဓလေ့အရ တည်ဆောက်ထားခြင်း ဖြစ်သည်။
ကျွန်တော်လည်း အလုပ်ကိစ္စ ပြီးမြောက်၍ ထိုကျေးရွာမှ ပြန်လာသောအခါ နေပူပြင်းနေခဲ့ပြီ။ နေရောင်အောက်၌ ဘုန်းကြီးကျောင်း မုဒ်ပေါက်၏ အရိပ်ကို မြင်တွေ့ရသောကြောင့် ဓာတ်ပုံရိုက်ယူခဲ့သည်။ ဒီတော့လည်း Shadow Hunters Contest အတွက် အရိပ်ပုံ ရခဲ့တော့တာပေါ့။