May you be blessed.
It's been very hot all morning today. It seemed cold in the early morning, but it's been hot since the sun came out. No matter what the weather is like, I'm still working on my daily work.
On our trip today, the forest cart road connecting two villages was narrow. It was not easy to lay off two ox carts coming head-on. There were thick bushes on both sides of the road.
As I was riding my motorcycle on this narrow road, I saw a herd of cows in front of me. The herd was on its way to the forest to feed. The road was so narrow that I couldn't overtake the herd on my motorcycle.
It was not good to ride a motorcycle slowly behind a herd of cows. I was getting sunburned and breathing in dust. At that moment, I remembered that I was going to compete in the Shadow Hunters Contest this week. So I took out my smartphone from my bag and took a picture of the herd.
The journey was tiring, but I was able to capture some beautiful images, so it was worth it. May you all have a pleasant and happy journey, friends.
မင်္ဂလာရှိကြပါစေ။
ဒီနေ့ တမနက်လုံး နေ အတော်ပူပြင်းနေပါသည်။ မနက်စောစောက အေးမယ် ထင်ရပြီး နေပွင့်လာကတည်းက ပူအိုက်လာခဲ့သည်။ ရာသီဥတု အဘယ်သို့ပင်ရှိစေ။ ကျွန်တော်ကတော့ နေ့စဉ် အလုပ်ကို မပျက်မကွက် လုပ်ဆောင်နေပါသည်။
ယနေ့ သွားခဲ့သည့်ခရီး၌ ရွာနှစ်ရွာကို ဆက်သွယ်ထားသော တောလှည်းလမ်းသည် ကျဉ်းမြောင်းသည်။ နွားလှည်းနှစ်စီး မျက်နှာခြင်းဆိုလာလျှင် ရှောင်တိမ်းဖို့ မလွယ်ကူပါ။ လမ်းဘေးနှစ်ဘက်၌လည်း ခြုံနွယ်သစ်ပင်များ ထူထပ်စွာ ပေါက်ရောက်နေကြသည်။
ဒီလို လမ်းကျဉ်းထဲမှာ ကျွန်တော် ဆိုင်ကယ် စီး၍သွားနေစဉ် ကျွန်တော်၏ရှေ့၌ နွားအုပ်ကို တွေ့ခဲ့ရသည်။ တောထဲသို့ အစားစားရန် သွားနေကြသည့် နွားအုပ် ဖြစ်သည်။ လမ်းက ကျဉ်းမြောင်းနေသောကြောင့် ကျွန်တော် ဆိုင်ကယ်ဖြင့် နွားအုပ်ကို ကျော်တက်လို့ မရခဲ့ပါ။
နွားအုပ် နောက်မှ ဆိုင်ကယ် ကို ဖြေးဖြေး စီးရသည်မှာ မကောင်းပါ။ နေပူခံရပြီး ဖုန်မှုန့်များလည်း ရှူခဲ့ရသည်။ ထိုအချိန်၌ ကျွန်တော်သည် ဒီတစ်ပတ် Shadow Hunters Contest ၌ အရိပ်ပုံ ဖော်ပြရန် ရှိနေတာကို သတိရမိခဲ့သည်။ သို့ဖြစ်၍ ကျွန်တော်သည် လွယ်အိတ် ထဲမှ Smart Phone ကို ထုတ်ယူကာ နွားအုပ်ကို ဓာတ်ပုံရိုက်ယူခဲ့ပါသည်။
လမ်းခရီးမှာ ပင်ပန်းပေမယ့် အရိပ်ပုံအချို့ ရရှိခဲ့သောကြောင့် အဆင်ပြေခဲ့ပါသည်။ မိတ်ဆွေများ သာယာပျော်ရွှင်ကြပါစေ။