May you be blessed.
I was regularly visiting some of the villages I visited every day. The weather was hot and overcast. I got a little wet while going from one village to another.
When the rain stopped, I returned to my village. I saw water flowing down the sandy road I was riding on. It must have been raining heavily in the village where I lived, so the water was flowing down to the low-lying areas.
The rain has brought down the temperature and made it more pleasant to live in. However, there are dark clouds floating in the sky. It is expected to rain again in the evening.
It is a joy for farmers who need rain. When it rains, rice and peanut plants become lush and green. This is the time when peanuts start to lay eggs. Only when the soil is moistened by rain can peanuts lay eggs well.
I took a deep breath of fresh air as I looked out at the evening landscape after the rain. Breathing in the fresh air while looking at the green scenery of the countryside is refreshing.
မင်္ဂလာရှိကြပါစေ။
ကျွန်တော်သည် နေ့စဉ် သွားနေကြဖြစ်သော ကျေးရွာအချို့သို့ ပုံမှန် သွားလာဖြစ်ခဲ့သည်။ ရာသီဥတုက ပူအိုက်ကာ မိုးအုံ့နေခဲ့သည်။ ရွာတစ်ရွာမှ အခြားရွာတစ်ရွာသို့ အကူး၌ ကျွန်တော် မိုးအနည်းငယ် စိုခဲ့ရသည်။
မိုးပေါက် အနည်းငယ်သာ ကျပြီး ရပ်သွားသောအခါ ကျွန်တော် နေထိုင်သည့်ရွာ သို့ ပြန်လာခဲ့သည်။ ကျွန်တော် ဆိုင်ကယ် စီးလာသော သဲလမ်းပေါ်၌ ရေများ စီးဆင်းလာသည်ကို တွေ့မြင်ခဲ့ရသည်။ ကျွန်တော် နေထိုင်သည့် ကျေးရွာဘက်၌ မိုး သည်းထန်စွာ ရွာသွန်းသောကြောင့် မိုးရေများ နိမ့်ရာသို့ စီးဆင်းလာခြင်း ဖြစ်မည်။
မိုးရွာထားသောကြောင့် အပူရှိန် လျော့ကျလာကာ နေထိုင်လို့ ကောင်းလာသည်။ ကောင်းကင်၌ကား တိမ်ညိုမည်းများ လွင့်မျောနေကြသည်။ ညပိုင်း၌ မိုး ထပ်မံရွာသွန်းလိမ့်မည်ဟု ယူဆရသည်။
မိုးရေ လိုအပ်နေသော တောင်သူများအဖို့ ပျော်စရာပင်။ မိုးရေသောက်ရသောအခါ စပါးပင်များ နှင့် မြေပဲပင်များ စိမ်းလန်းစိုပြေလာကြသည်။ ယခုအချိန်ကာလသည် မြေပဲ ဥချရန် စတင်နေချိန်ဖြစ်သည်။ မိုးရေဖြင့် မြေဆီလွှာ ရွနေမှသာ မြေပဲ ကောင်းမွန်စွာ ဥချနိုင်လိမ့်မည်။
ကျွန်တော်ကတော့ မိုးရွာပြီးစ ညနေ၏ ရှုခင်းကို ကြည့်ရင်း လေကို တဝကြီး ရှူရှိုက်လိုက်သည်။ ကျေးလက်ဒေသ ယာခင်းပြင်မှာ အစိမ်းရောင်ရှုခင်းတွေ ကြည့်ရင်း လေကောင်းလေသန့် ရှူရှိုက်ရသည်မှာ လူကို လန်းဆန်းသွားစေပါသည်။