ပိုးကောင် ပိုးကောင် ဘာပိုးကောင်လဲ။ မသိပါဘဲ မြင်ရာရိုက်တင်ပြ ဒါ ကျွန်တော့်ဘဝပါပဲ။
ဟုတ်တယ်လေ Hive Blockchain မှာ နေ့စဉ် Post တင်နိုင်ဖို့ ကြံဆရတာ သိပ်လွယ်တယ် ထင်နေလား။ မလွယ်ရေးချ မလွယ်ပါဟု ပြောရအောင်လည်း အခက်အခဲကြီးတော့ မဟုတ်ပြန်။ ဒီတော့လည်း ကုန်ကြမ်းလေးတွေ ရအောင်ရှာ အကြံဉာဏ်ကို ဖျစ်ညှစ်ထုတ်ပြီး အခုလို စာရေးတင်လိုက်ရတာပါပဲ။
ဒါ အင်းဆက်မျိုးရိုးထဲက ပိုးကောင်ပါ။ ကွန်ကရစ်ပန်းအိုး ထဲ တွေ့လို့ ဓာတ်ပုံရိုက်ယူလိုက်တာ။ ခြေလက်တွေမှာ လက်သည်းချွန်တွေနဲ့ ကိုက်တတ်မတတ် မသိပေမယ့် ကုပ်ခံရရင်တော့ နာမှာပါ။
ကဲ ပိုးကောင် ပိုးကောင် ဘာပိုးကောင်လဲ သိရင် ပြောသွားပေးကြပါ။