Thought while looking at the Clouds

@golden.future · 2025-09-03 04:51 · CCH

May you be blessed.

It hasn't rained for three days. The sky is still cloudy. The weather is hot.

In the area where I live, rice and peanuts are grown as rainy season crops. The peanuts are just about to bloom. They still need rain to grow. The rice plants are just starting to grow. So the farmers are waiting for rain.

These days, it is expected to be foggy in the morning. It will be rainy. If it is snowy, the farmers will not be happy. They still need rain and do not want to start the winter season early. I think it will rain well at the end of the monsoon. The sky is still beautiful with thick clouds.

I don't expect rain because I don't do agriculture. But when it rains when it's too hot, it's cool to live. Now I'm riding a motorcycle under the hot sun and going through life. It would be nice if the clouds were to shade my head as I go. This is just a thought while looking at the clouds.

မင်္ဂလာရှိကြပါစေ။

မိုးမရွာတာ သုံးရက်ရှိပါပြီ။ ကောင်းကင်မှာတော့ တိမ်တွေ ထူထပ်နေပါသေးသည်။ ရာသီဥတုကတော့ ပူအိုက်နေပါသည်။

ကျွန်တော် နေထိုင်ရာဒေသ၌ မိုးရာသီ သီးနှံအဖြစ် စပါး နှင့် မြေပဲ စိုက်ပျိုးကြပါသည်။ မြေပဲပင်များက ပွင့်ဖို့ အချိန်တန်နေပါပြီ။ မိုးရေ လိုအပ်နေသေး၍ ပွင့်ဖို့ အားယူနေကြရသည်။ စပါးပင်များကတော့ စိုက်ပျိုးပြီးစ ဖွံ့ဖြိုးဖို့ အရှိန်ယူနေရချိန် ဖြစ်သည်။ ဒီတော့ တောင်သူတွေ မိုး ကို မျှော်နေကြပါသည်။

ဒီရက်ပိုင်း မနက်ခင်းမှာ မြူဆိုင်းချင်နေသည်။ မိုးမြူများ ဖြစ်လိမ့်မည်။ နှင်းမြူများ ဆိုလျှင်တော့ တောင်သူတွေ မပျော်ကြပါ။ မိုးရေ လိုအပ်နေသေးသောကြောင့် ဆောင်းရာသီ အဝင်မစောချင်ကြပါ။ မုန်သုံ အထွက်မှာတော့ မိုး ကောင်းစွာ ရွာသွန်းဦးမည် ထင်ပါသည်။ ကောင်းကင်မှာ တိမ်တွေ ထူထပ်ကာ လှပနေသေးသောကြောင့် ဖြစ်သည်။

ကျွန်တော်ကတော့ စိုက်ပျိုးရေး မလုပ်သောကြောင့် မိုး ကို မျှော်လင့်နေခြင်း မရှိပါ။ သို့သော် ပူအိုက်လွန်းနေချိန်မှာ မိုးရွာသွန်းလျှင်တော့ နေထိုင်ရ အေးမြပါသည်။ ခုတော့ နေပူပူအောက်မှာ ဆိုင်ကယ် စီးရင်း ဘဝခရီးကို ဖြတ်သန်းနေရပါသည်။ ကျွန်တော် သွားရာတလျှောက် ကျွန်တော်၏ ‌ဦးခေါင်းပေါ် တိမ်တွေ၏ အရိပ်မိုးပေးနေလျှင် သာယာဖွယ်ကောင်းပေလိမ့်မည်။ ဤသည်ကား တိမ်တွေကို ငေးမျှော်ကြည့်ရင်း စိတ်ကူးလေးမျှသာပင်။

#hive-117778 #photography #neoxian #waivio #pob #trafficinsider #palnet #cch #myanmar #nature
Payout: 0.000 HBD
Votes: 76
More interactions (upvote, reblog, reply) coming soon.