When the sun sets, the clouds shine

@golden.future · 2025-09-06 04:15 · CCH

May you be filled with all blessings.

I have heard the saying, "When the sun sets, the clouds are shining brightly, and the virgin is afraid." This saying must have been a rural saying from ancient times. Because...

In the past, in rural areas, the virgins would go to the well or lake outside the village to take water in the evening. At that time, the bachelors would lie in wait to talk to the virgins who were taking water. At sunset, the remaining sunlight would break through the clouds, so the clouds would be light. However, this situation would soon set and it would be dark. It refers to the practice of young women being afraid that some young men would talk to them when they returned from taking water.

I am not a young woman, but I was a little scared at sunset last night. Because the political instability in Myanmar has caused the economy to collapse and there have been robberies. So I don’t usually travel at sunset. But last night I was late returning from another village due to work. So I was worried that I would be robbed while driving on the forest road in the evening. However, I took photos of the dark rural forest to show on Hive Blockchain.

မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေ။

နေဝင်ချိန် တိမ်တောက်လို့ ပျိုကြောက်သည့် သည်အချိန် ဟူသောစကားကို ကျွန်တော် ကြားဖူးခဲ့သည်။ ဤစကားသည် ရှေးခေတ်အခါက ကျေးလက်ဒေသ စကား ဖြစ်ပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်...

ရှေးအခါက ကျေးလက်ဒေသ၌ မိန်းမပျိုလေးများသည် ညနေခင်း၌ ကျေးရွာအပြင်ဘက်ရှိ ရေတွင်း သို့မဟုတ် ရေကန် သို့ ရေခပ်သွားကြရပါသည်။ ထိုအချိန်၌ လူပျိုများသည်လည်း ရေခပ်လာသော မိန်းမပျိုများကို ချစ်စကားပြောရန် ချောင်းမြောင်းနေတတ်ကြသည်။ နေဝင်ချိန်၌ လက်ကျန်နေရောင်ခြည်သည် တိမ်ထုကြားကို ဖောက်ထွက်နေတတ်သောကြောင့် တိမ်တွေသည် အရောင်လက်နေတတ်ပါသည်။ သို့သော် ထိုအခြေအနေသည် မကြာခင် နေဝင်သွားပြီး မှောင်လာတော့မည် ဖြစ်သည်။ မှောင်ရီပျိုးချိန်၌ မိန်းမပျိုအချို့ ရေခပ်ပြီး ပြန်လာစဉ် လူပျိုအချို့က ချစ်စကားပြောကြားမည်ကို မိန်းမပျိုတို့ ကြောက်တတ်ကြသည့်အလေ့ကို ဆိုလိုပါသည်။

ကျွန်တော်သည်လည်း မိန်းမပျို မဟုတ်ပေမယ့် မနေ့ညနေက နေဝင်ချိန်မှာ ကြောက်စိတ်အနည်းငယ် ဖြစ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံ၌ နိုင်ငံရေး မတည်ငြိမ်မှုကြောင့် စီးပွားရေး ပျက်စီးကာ လုယတ်မှုများ ဖြစ်ပွားနေပါသည်။ သို့ဖြစ်၍ ကျွန်တော်သည် နေဝင်ချိန်၌ ခရီးသွားလေ့မရှိပါ။ သို့သော် မနေ့ညနေက အလုပ်ကိစ္စကြောင့် အခြားကျေးရွာမှ အပြန် နောက်ကျခဲ့သည်။ သို့ဖြစ်၍ ညနေခင်း တောလမ်း၌ လူရှင်းနေချိန် လုယတ်ခံရမည်ကို စိုးရိမ်မိခြင်း ဖြစ်သည်။ သို့သော်လည်း ကျွန်တော်သည် Hive Blockchain ၌ ဖော်ပြနိုင်ရန် မှောင်ရီပျိုးစ ကျေးလက်တောသဘာဝကို ဓာတ်ပုံရိုက်ယူခဲ့ပါသည်။

#hive-117778 #photography #neoxian #waivio #pob #trafficinsider #palnet #myanmar #cch
Payout: 1.790 HBD
Votes: 57
More interactions (upvote, reblog, reply) coming soon.