Hive ဈေးတက်ပြန်ပြီ ( Henry Aung )

@kachinhenry · 2023-03-20 11:16 · HIVE-MYANMAR

မင်္ဂလာပါ။ ယနေ့ကတော့ နံနက်စောစော ထသည်နှင့် ဘာရယ်မဟုတ် ဖုန်းထပွတ်မိပါသည်။ ဤသည်က အကျင့်။ နံနက် ဘယ်နှစ်နာရီ ထိုးပြီလည်း ဟူ၍ ကြည့်ရင်း Coinmarketcap ဖွင့်၍ Hive ဈေးနှုန်း အားကြည့် မိပါသည်။

Hive ဈေးနှုန်းက ကျွန်တော်ကြည့်သော အချိန်တွင် $0.43 ဖြင့် volume ၄ သန်းကျော်သာရှိနေခဲ့ပါသည်။ သို့သော် ရုတ်တရက် အစိမ်းရောင်သို့ ပြောင်းသွားကာ $0.46 ဖြင့် Volume ၁၁ သန်းကျော်သို့ ထိုးတက်သွားပါတော့သည်။ ဤသို့ ဖြင့် $0.49 အထိ ထပ်တက်သွားကာ $0.47 သို့ တဖန် ပြန်ဆင်းလာပါသည်။

ဆက်လက် စောင့်ကြည့်ရင်း တနာရီခန့် အကြာတွင် ပထမဆုံး ပြား၅၀ ကျော်သို့ ရောက်သော အခါ Volume မှာ သန်း ၇၀ ကျော်သို့ ရောက်နေခဲ့ပြီ ဖြစ်ပါသည်။ ဤ သို့ဖြင့် Chat Group တွင် Hive ဈေးကွက် အကြောင်း ဖြင့် တဖန်ပြန်လည် စည်ကားလာပါတော့သည်။

Hive သည် လွန်ခဲ့သော ဖေဖေါ်ဝါရီလ အစောပိုင်းတွင် စုစုပေါင်း Volume သန်း ၅၀၀ ကျော်ဖြင့် $0.60 သို့ တကြိမ် တက်ခဲ့ပြီး ဖြစ်ပါသည်။ ထိုအချိန်ကလည်း Upbit Exchange မှ ကိုးရီးယားတို့က ဆွဲတင်ကြခြင်း ဖြစ်ပါသည်။ ယနေ့ Hive ဈေး အတက်သည်လည်း Upbit Exchange မှပင် ဖြစ်ပါသည်။

ယနေ့ နေ့လယ်ပိုင်း တလျှောက်လုံး Hive သည် USD $0.50 အထက်တွင် ရှိနေခဲ့ပြီး ညနေပိုင်း တွင်တော့ $0.46 အထိ ပြန်လည် ကျဆင်းလာခဲ့ပါသည်။ Hive အနေဖြင့် ဈေးနှုန်း ပြန်လည် ကျဆင်းလာခဲ့သော်လည်း 24 Hrs Volume တတိတိ ဆက်လက်၍ တက်နေဆဲ ဖြစ်ပါသည်။ ကျွန်တော်ဤ စာစု အားရေးနေစဉ် Hive Volume မှာ ၂၃၉ သန်း သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်ပါသည်။

အကယ်၍ Hive သည် ဤ အတိုင်း ဆက်လက်၍ Volume တက်အုံးမည် ဆိုပါက ယနေ့ည သို့မဟုတ် မနက်ဖြန် နံနက်ပိုင်းတွင် ထပ်မံ ဈေးတက်အုံးမည်ဟုထင်ပါသည်။ Hive အနေဖြင့် Blockchain Update တခုခု ကြောင့် မဟုတ်ပဲဤ သို့ Exchange မှ ဈေးတက်လာခြင်းသည် ဘူဘောင်း တခုဟု နားလည် ထားသော်လည်း ဘာဖြစ်ဖြစ် Hive ဈေးတက်၍ မိမိ Wallet တန်ဖိုး တက်လာသည်ကို ကြည့်၍ တခဏတာ စိတ်အပန်းပြေရမြဲ ဖြစ်ပါသည်။

Hive အနေဖြင့်ကတော့ ဈေးကွက်တွင် မည်မျှ ဈေးတက်နေပါစေ Coinmarketcap ကတော့ မည်သည့်အချိန်တွင်မျှ Top Gainer list သို့ မထည့်ပေးပါ။ အခြားသော Coin / Token များ 24Hrs Volume ၂၈ သန်း မျှဖြင့် Top Gainer list စာရင်း ဝင်သော်လည်း Hive ကတော့ ကျန်ရစ်နေမြဲပင် ဖြစ်ပါသည်။

Top Gainer / Loser list သည်လည်း Top 1 မှ 100 အတွင်း ရှိသော Cryptocurrency များအားသာ စာရင်း ကောက်ယူသည်ဟု ထင်ပါသည်။ မည်သို့ပင်ဆိုစေ အရေးကြီးသည်က Hive ဈေးတက်ဖို့ပင် ဖြစ်ပါသည်။

ပြင်ပတွင် Hive ဈေးတက်လာသည်ဆိုတော့ Hive Engine Token များအား ချရောင်းကြသည်မှာ ဈေးကွက်တခုလုံး ရဲရဲ နီနေပါတော့သည်။ Leo က -18% ဈေးကျသွားသလို LOLZ မှာ -73% အထိ ဈေးထိုးကျသွားခဲ့ပါသည်။ ကျွန်တော်ကတော့ ယခုနှစ်ပိုင်းတွင် Hive Engine Token များထက် ပြင်ပ ဈေးကွက်ပေါက်သည့် Coin / Token များအားသာ ပို၍ ဝယ်စု ဖြစ်ပါသည်။ ယခုလောလောဆယ် LOA သို့ ရင်နှီးမြုပ်နှံထားသည်ကတော့ ပလုံ လျက်ရှိပါသည်။

ဘာပဲ ဖြစ်ဖြစ် Hive ဈေးတက်လျက် ရှိသည်ဆိုတော့ အတော်လေး နေသာထိုင်သာ ရှိလာပါသည်။ ဤ စာစု စရေးသည့် နာရီဝက် မပြည့်ခင် Hive ဈေးကွက် အတွင်း သို့ နောက်ထပ် ဒေါ်လာ ၄ သန်းနီးပါး ထပ်မံ စီးဝင်လာပါသည်။ ယခု စုစုပေါင်း Volume ၂၄၃ သန်း ဖြင့် ဆက်လက် တက်နေဆဲ ဖြစ်ပါသည်။ Hive ဈေးသည်လည်း $0.48 အထိ ပြန်တက်လာနေပါသည်။ ယနေ့ည ဆက်လက် စောင့်ကြည့် ကြပါစို့။

Henry Aung ( Kachin )

20/03/2023 - Monday- 17;47 Pm

#hive-122133 #myanmar #hive #price #knowledge #sharing
Payout: 0.000 HBD
Votes: 30
More interactions (upvote, reblog, reply) coming soon.