မင်္ဂလာပါ။ ယခုတလောကတော့ စာရေးစရာ မယ်မယ်ရရ အကြောင်းရှာမရဖြစ်နေပါသည်။ ရေမည်ဆိုလျင် ရေးရမည့် အကြောင်းအရာ အများအပြားရှိနေသော်လည်း ထို အကြောင်းအရာများအား ရေးသားရန် စဉ်းစားလိုက်လျင် အိုင်ဒီယာများက ထွက်မလာကြတော့ပါ။
ရေးလက်စ တဝက်တပျက်ဖြင့် ဖျက်လိုက်သည်က အကြိမ်ကြိမ် ဖြစ်ပါသည်။ စာရေးသည် ဆိုသည်ကလည်း စိတ်ကြည်လင် နေသည့် အချိန်ညာဏ်ကွန့်မြူးသည် အချိန် ဖြစ်ပါမှ ရေးရသည်မှာ လက်သွက်ပါသည်။ ယခုအချိန်ကတော့ မည်သည့် အကြောင်းအရာပဲ ရေးရေး စာကောင်း တပုဒ်ဖြစ်လာရန် အတော်လေး အားစိုက်ရပါသည်။
ဟိုယခင် ခေတ်ကောင်း စဉ်ကလို ဟောတပုဒ် ဟောတပုဒ် မရေးနိုင်တော့ပါ။ ရေးလက်စတန်းလန်း ဖြစ်နေသည့် ကျွန်တော်ပြောသော စင်္ကပူ ခန်းဆက်များကလည်း အတော်လေး ရေးရန် ကျန်နေပါသေးသည်။ ထို့နောက် မလေးရှား သွားသည့် ခရီစဉ် အကြောင်းများ ။
တကယ်ဆိုရလျင် ယခုတလော ကျွန်တော် ခံစားနေရသည်မှာ ဘားမှ မလုပ်ပဲ ဒီအတိုင်း အပျင်းထူနေရခြင်းကို နှစ်သက်နေမိခြင်း ဖြစ်ပါသည်။ ဘယ်လို ဖြစ်မှန်းမသိ ဘာမှ မလုပ်ချင် မကိုင်ချင် အလုပ်လုပ်ရသည်မှာလည်း စက်ရုပ်တယောက်လို ခံစားနေမိပါသည်။
လုံးဝ မိုတီဗေးရှင်း ပျောက်နေခြင်း ဖြစ်ပါသည်။ ကျွန်တော်ကိုယ်တိုင်လည်း သိပါသည်။ ဤပုံစံအတိုင်း နေလျင် ကျွန်တော့ ဦးနှောက်က သံချေး တက်တော့မည့် အကြောင်း။ သို့သော်လည်း သိသိကြီးနှင့်ပင် ပေကပ်ပြီး အပျင်းထူနေခြင်း ဖြစ်ပါသည်။ ကျွန်တော့ မိတ်ဆွေများကကော ထိုကဲ့သို့ ဖြစ်ဘူးပါသလား ။
ကျွန်တော့ အနေဖြင့်တော့ ထိုကဲ့သို့ အပျင်းထူခြင်းအား တခုခု ရှာကြံလုပ်ကိုင်နေခြင်း ဖြင့် ဖြေရှင်းနေရပါသည်။ ဥပမာ မိမိကိုယ်မိမိ ဘာမှ မလုပ်ချင်၍ အိပ်ယာထဲတွင် ခွေနေချင်သောအခါ ကားရေဆေးလိုက်သလို တခါတလေ မီးဖိုချောင် သန့်ရှင်းရေး ဝင်လုပ် အိမ်သာ ထဆေး လိုက်ပါသည်။
ကိုယ်တိုင်က မလုပ်ချင်မှန်း သိသည်ကို ဇွတ်မှိတ်ပြီး ကြိုးစားလုပ်ရသည့် အတွက် ပင်ပန်းသည်ဟုထင်ရပါသည်။ ကျွန်တော်ဆိုသည့်ကောင်ကလည်း တနေရာတွင် ကျောက်ချထိုင်ပြီး ရုပ်ရှင် တကားပြီးတကား ကြည့်နိုင်သော်လည်း ကွန်ပြူတာဖြင့် သင်တန်း ကိစ္စအလုပ်လုပ်လိုက်လျင် ဇက်ကြောတက်လာသလို ခါးရိုး အောင့်လာသလို ဘာဖြစ်ချင်မှန်း မသိ။
ယခုဤစာ ရေးနေသည်ကပင် ဖတ်၍ မကောင်းမှန်း သိပါသည်။ မည်သည့် ရသမှ မပါ သည်ကိုလည်း သိပါသည်။ သို့သော်လည်း စာတပုဒ်ဖြစ်လျင် ပြီးရော ဇွတ်မှိတ် ပြီးရေးလိုက်ရခြင်း ဖြစ်ပါသည်။ သည်းခံကြပါကုန်။
Henry Aung ( Kachin )
27/02/2024 - Tuesday - 07;45 Am