မင်္ဂလာပါ။ ကျွန်တော်တို့ ဇတ်လိုက်ကြီး Hive ကတော့ ကိုးရီးယားတို့ လုပ်သည်နှင် တခဏတာ ကလူဤသို့ မြူဤသို့ လုပ်သွားပါလေပြီ။ ဘူဘောင်း တခု ဖြစ်ကြောင်း သိထားသော်လည်း ဘာရယ်မဟုတ် Hive ဈေးများ တရိပ်ရိပ်တက် လာလျင် မည်သို့ ပျော်မှန်း မသိ။
ဘယ်ဈေးသို့ ရောက်နေပြီး Volume မည်မျှ တက်လာပြီ ဆိုသည်ကို ထိုင်ကြည့် နေရသည်ကပင် စိတ်လှုပ်ရှားစရာ။ အချိန်တန်တော့လည်း တအိအိ ပြန်ကျသွားသည်ပင် ဖြစ်ပါသည်။ သို့သော် လည်း Cryptocurrency တို့၏ သဘော ဖြစ်သည်မို့ နားလည်ပါသည်။
Hive ဈေးအား ဤ သို့ ဈေးကစားပေးသည့် ကိုးရီးယားတို့အား ကျေးဇူးတင်ရမည်ထင်ပါသည်။ မဟုတ်လျင် Hive အနေဖြင့် ဈေးလည်း မတက် ဈေးလည်း မကျ တန့်နေလျင် ဒုက္ခ။ Hive ဈေးက $5 ခန့်တွန် တန့်နေလျင် အကြောင်း မဟုတ် ယခုတော့ ပြားကဏန်း ဆိုတော့လည်း ရောင်းစားရမည်မှာ နှမျှောစရာ။
ကျွန်တော်တို့ အနေဖြင့် Hive အားဈေးကျချိန်တွင် ဝယ်ယူထားသည် မဟုတ်။ မူးစု ပဲစု ဖြင့် စုထားရသော Hive များအား အနည်းဆုံးတော့ 1$ မဟုတ်တောင် ပြား ၉၀ ခန့်တော့ ဈေးရလိုပါသည်။ ဤသည်ကကျွန်တော့ လောဘသာ ဖြစ်၍ တကယ်တမ်း အသုံးလိုလာပြီ ဆိုလျင် တော့ ရောင်းရမည်သာ ဖြစ်ပါသည်။
အရေးကြီးသည်က ကိုယ်လိုအပ်ချိန် တွင် ရောင်းရန် အသင့်ရှိနေဖို့က ပို၍ အရေးကြီးပါသည်။ ဆိုတော့ Hive နောက် တကြိမ် $1 အထိ ဈေးတက်သည်ကိုစာရေးရင်း စောင့်ကြည့် နေရုံသာ ရှိပါတော့သည်။ ကိုယ်တွေ၏ အလုပ်ကလည်း စာပဲ ရေးတတ်သည်မို့ စာရေးနေရုံသာ။
ဤ သို့သော ကာလပျက် ထဲတွင် Hive တွင် စာရေးနေရုံမျှဖြင့် ဝင်ငွေ အတင့်အတင့် ရနေသည်က အတော်လေး အခြေအနေကောင်း နေသည်ဟု ဆိုရပါမည်။ မဟုတ်လျင် အလုပ်အကိုင်က မယ်မယ်ရရ မရှိ / ရှိနေသော စီးပွားရေး လုပ်ငန်း ကလည်း မငတ်ရုံ တမယ် လုပ်နေရသည် အချိန်ဆိုတော့ Hive Platform တခု ရှိထား၍ သာတော်ပါသေးသည်။
မည်သို့ ပင်ဆိုစေ ကျွန်တော်တို့ ဖေါက်ခဲ့သော လမ်းကြောင်း သည် ကာလ အပိုင်း အခြား တခု ဖြစ်သော ၂၀၂၃ သို့ ရောက်ခဲ့သည့် အချိန်တွက် အထိုက်အလျောက် ကိုင်းကျွန်းမှီ ကျွန်းကိုင်း မှီ လျှောက်လှမ်းနေနိုင်ပြီ ဖြစ်ပါသည်။ နောက်ထပ် ၂ နှစ် ဖြစ်သော ၂၀၂၅ ဆိုလျင်တော့ ကျွန်တော်တို့ ယခု အခြေအနေထက် ပို၍ အဆင်ပြေနေမည်ဟု မျှော်လင့်မိပါသည်။
တခါတလေတော့ လည်း ကျွန်တော်တို့ လျှောက်လှမ်းခဲ့သည့် အတိတ်က လမ်းကြောင်း ဖြစ်သော Steemit အား ပြန်လွမ်း ဆွတ်တမ်းတမိပါသည်။ လူအင်အား ၂၀၀ ကျော်ဖြင့် မြိုင်မြိုင် ဆိုင်ဆိုင် ဖေါက်ခဲ့ကြသည့်လမ်း သည် ပန်းတိုင် မရောက်ခင် တက်ကျိုးသည့် အဖြစ်နှင့် ရင်ဆိုင်ခဲ့ကြရပါသည်။
သို့သော်လည်း စိတ်ပျက်မသွားခဲ့ကြသည့် လူတစု ကျန်နေခဲ့ကြသောကြောင့် ဤလမ်းသည် ယခု အခချိန်ထိ ဆက်လက် ရှေ့ဆက်နေနိုင် ခြင်း ဖြစ်ပါသည်။ ကျွန်တော် Hive Platform အား အလွန်သဘောကျပါသည်။
ဤ စာရေးခြင်းမှ ရသော Cryptocurrency သည် မိမိ၏ ဝင်ငွေ အစစ် တနည်းဆိုရလျင် အကုသိုလ် ကင်းသော ဝင်ငွေ ဖြစ်သည့် အပြင် သူတပါး၏ မျက်ရည်ပေါက် ကြီးငယ် မပါသလို မြန်မာပြည် သယံဇာတ အံဖတ် များလည်း မပါဝင်ပါ။
တခါတလေ ကျွန်တော်တို့ အကူအညီ လိုအပ်၍ တယောက်နည်းနည်း Hive ဖြစ်စေ HBD ဖြစ်စေ လှူဒါန်း၍ ရသော အကျိုးသည် တကယ့် သန့်ရှင်းသော ကုသိုလ် ဖြစ်ပါသည်။ Hive သည် စင်ကြယ်သော အကုသိုလ် ကင်းသော ဝင်ငွေ ဖြစ်သော ကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော့ မိတ်ဆွေများလည်း ဤ လမ်းကြောင်းအား မလွှတ်တမ်း ဆုပ်ကိုင်ထားကြပါရန် တိုက်တွန်း လိုက်ရပါသည်။
Henry Aung ( Kachin )
21/03/2023 - Tuesday - 18;11 Pm