တခုခုလုပ်ခြင်း ရလဒ် ( Henry Aung )

@kachinhenry · 2024-02-10 04:10 · HIVE-MYANMAR

မင်္ဂလာပါ။ ကျွန်တော့အနေဖြင့် ယခုမှ Crypto ဘက် ပြန်လှည့်ကြည့် လာနိုင်သော ကြောင့် အတော်လေး ပြန်လေ့လာနေရပါသည်။ တနှစ်ကျော်နီးပါး ပြစ်ထားခဲ့သော Coin token များက အချို့ကလည်း ဈေးတက်လျက် အချို့ကလည်း ဈေးကျလျက်။

သို့ပေသိ ယခုထက်ထိ သူဌေးဖြစ်ဇာတာ မပါသောကြောင့်လားမသိ မိမိ လက်ဝယ်ရှိထားသော coin / token များ အဝီစိ အထိရောက်နေသည်ကို တွေ့ရပါသည်။ LOA / LVL အစရှိသော token များမှာ မြင်ရက်စရာပင်မရှိ။ မတတ်နိုင်။

မိမိဝယ်ထားတုန်းကတော့ ဈေးတက်လျင် ဘယ်ဈေးရောက်မှ ထုတ်ရောင်းမည် ဘယ်ဈေးဆိုလျင်ဖြင့် ဒေါ်လာ မည်မျှရမည်ဟူ၍ Calculator ဖြင့် တွက်ကြည့်ရသည်မှာ ရင်ခုန်စရာ။ ယခုတော့ မိမိအား လှောင်ပြောင် နေသယောင် ။

Hive တခုတည်း ပြား ၃၀ ဝန်းကျင်တွင် ကြံ့ကြံ့ခံ နေ၍ တော်ပါသေးသည်ဟူ၍ ပြောရမလိုဖြစ်နေသည်။ စာပြန်ရေးပြီဆိုတော့လည်း နေ့တိုင်း မဟုတ်တောင် ရက်ခြားကြိုးစားရေးလျင် သူ့နည်းသူ့ဟန်ဖြင့်တော့ Power တက်တန်ကောင်းပါရဲ့ဟူ၍ မျှော်လင့်မိပါသည်။

မနေ့က မအိအိခိုင်၏ လမ်းညွှန်မှုဖြင့် ကြိုးစားလုပ်ဆောင်နေသော Aviso Site ကလေးကလည်း လုပ်တတ်ကိုင်တတ်လျင် ၃ လတကြိမ်လောက်တော့ ပိုက်ဆံမြင်ရကိန်း ရှိနေသည်ကို တွေ့ရပါသည်။

သူကလည်း မျက်စိဒေါက်ထောက်ကြည့်စရာမလို မနက်ဘက် နာရီဝက်ခန့် အချိန်ပေး နေ့လည်ဘက် အားလျင် နာရီဝက်ခန့် ညနေဘက် နာရီဝက်ခန့် အားလျင် အားသလို Click လိုက်လျင် တရက် 5 RUB လောက်တော့ရသည်။

ခက်သည်က ကျွန်တော့အတွက် ၁၅ မိနစ်ခန့် Click လိုက်လျင် ကြည့်စရာ Youtube Video ကကုန်ပြီ ဆိုတော့ Computer ပိတ်ထားလိုက်ရုံသာ။ Wifi ရှိသည်ဆိုတော့ အဆင်ပြေမည်ဟု ထင်ပါသည်။

ပန်းထိမ် မတတ်ခင် ရွှေခိုးနည်း သင် ဆိုသကဲ့သို့ ပိုက်ဆံမှ မရသေး မည်သို့ ပိုက်ဆံ ထုတ်ယူရမည်ကို သင်ရအုံးမည်။ အမှန်တော့ ထိုကဲ့သို့သော Site များက Wifi လည်း ရှိမည် အလုပ်လည်း မများ ဥပမာအားဖြင့် ရုံး အလုပ်လုပ်နေကြသူများ ဖြင့်သင့်တော်ပါသည်။ အရနည်းသည်ဟုဆိုသော်လည်း နည်းနည်းချင်း စုလျင် များလာမည်သာ ဖြစ်ပါသည်။

ကျွန်တော် တို့ Hive ကလည်း ဒီအတိုင်း ငုတ်တုတ်ထိုင်ကြည့်လျင် ဘာမှ ရမည် မဟုတ်ပါ။ Post လေး ဘာလေး ရေးတင်ပါမှ ပြား ၅၀ ပြား ၇၀ စသည်ဖြင့် စုသွားရသည်သာ။ ကြာတော့လည်း မိမိသတိမထားမိသည့် အချိန်တွင် Wallet တန်ဖိုးက တက်လာသည်သာ ဖြစ်ပါသည်။ ဘာမှ မလုပ်လျင် ဘားမှ မဖြစ်ပါ။

တခုခုလုပ်လျင်တော့ ရလဒ် အနေဖြင့် တခုခု အဖြေထွက်လာမည် ဖြစ်ပါသည်။ ကျွန်တော်က စာရေးသည်ဘက် အားသန်သည်ဆိုတော့ စာရေးနေရအုံးမည်သာ။ ပြား ၅၀ ရသည် ၁ ကျပ်ရသည်ကတော့ Hive ကပေးသည့် ရလဒ်ယူရုံသာ ရှိပါသည်။

Henry Aung ( Kachin )

10/02/2024 - 10;40 AM ( Saturday )

#hive-122133 #working #knowledge #writing #sharing
Payout: 0.000 HBD
Votes: 26
More interactions (upvote, reblog, reply) coming soon.