မင်္ဂလာပါ။ လွန်ခဲ့သော January လက ကျွန်တော့ အနေဖြင့် ရုရှား ယူကရိန်း စစ်မျာနှာပြင်တွင် အမေရိကန် နှင့် နေတိုး အဖွဲ့ဝင်များမှ ယူကရိန်းသို့ ဂျာမနီ / အမေရိကန် နှင့် အင်္ဂလန် နိုင်ငံထုတ် တင့်ကားများ ပေးပို့ကြမည့် အကြောင်း တင်ပြပေးခဲ့ပြီး ဖြစ်ပါသည်။ ထိုအချိန်တုန်းကတော့ ရုရှားနှင့် ယူကရိန်း နှစ်ဖက်စလုံး တိုက်ပွဲကြီးကြီးမားမား မရှိပဲ စစ်ပြင်နေခဲ့ပါသည်။
ဆိုလိုသည်မှာ နှစ်ဖက်စလုံးက တန်ပြန်ထိုးစစ် အတွက် စစ်လက်နက်ခဲယမ်းများ စုဆောင်းနေခဲ့ကြပါသည်။ ထိုအချိန် အထိ ရုရှား တပ်များက ယူကရိန်း အရှေ့ဘက် နှင့် တောင်ဘက် စစ်မျက်နှာ များအား ထိန်းထားဆဲ ဖြစ်ပါသည်။ လွန်ခဲ့သော ရက်များက ယူကရိန်း အရှေ့ဘက် စစ်မျက်နှာတွင် ရှိသော Bakhmut မြို့ကလေးအား ရုရှားတပ်များက စတင်ကာ ထိုးစစ်ဆင်လာခဲ့ပါသည်။
ရုရှား အနေဖြင့် တဖြည်း ဖြည်း စစ်ရှုံးလာနေပြီဖြစ်ရာ လက်ရှိ အချိန်တွင် ပူတင်၏ စစ်တပ်အတွက် စိတ်အားတက်စရာ အောင်ပွဲ တခု မဖြစ်မနေလိုအပ်နေပြီ ဖြစ်ပါသည်။ ထို့ကြောင့် ရုရှားတပ်များအနေဖြင့် ထို Bakhmut မြို့ကလေးအား သာလွန်အင်အားဖြင့် မြို့သိမ်းတိုက်ပွဲ ဆင်နွဲခဲ့ပါသည်။
အမှန်တော့ ယူကရိန်းရှိ ထို Bakhmut မြို့ကလေး မှာ စစ်ရေး စီးပွားရေး အချက်ချာ ကျရာနေရာ တခုမဟုတ်ပါ။ သတ္တုတွင်းများ ရှိသော မြို့ကလေး တမြို့သာ ဖြစ်ပါသည်။ သို့သော် ရုရှားက အောင်မြင်မှု တခုလိုအပ်နေချိန် ဖြစ်၍ ထိုးစစ်ဆင်လာသလို ယူကရိန်ကလည်း ထိုမြို့ကျသွားလျင် ယူကရိန်းစစ်သားများ စိတ်ဓာတ်ကျ သွားလိမ့်မည်ဟူ၍ ရှိသမျှအားဖြင့် အသည်းအသန်ကာကွယ်နေခဲ့ပါသည်။
ဤ သို့တဖက်နှင့် နှင့်တဖက် လက်နက်ကြီးငယ်များ ဖြင့် ပစ်ခတ်ကြသဖြင့် Bakhmut မြို့ကလေးမှာ အကောင်းအတိုင်း ကျန်နေသော အဆောက်အဦး ဟူ၍ တလုံးမှ မရှိတော့လောက်အောင် ဖြစ်နေပြီ ဖြစ်ပါသည်။ သို့သော် ရုရှားတို့က Bakhmut မြို့အား မသိမ်းနိုင်သေးသလို ယူကရိန်း များကလည်း ခံစစ်အနေအထားဖြင့် ကြံ့ကြံ့ခံနေဆဲ ဖြစ်ပါသည်။
လွန်ခဲ့သော ရက်များက ဤ စစ်ပွဲ အား အလှည့် အပြောင်း ဖြစ်စေမည့် အလှည့်အပြောင်း တခု ဖြစ်ပေါ်ခဲ့ပါသည်။ Bakhmut စစ်ပွဲတွင် ရုရှားဘက်မှ Wanger Group ဟုခေါ်သော ကြေးစားစစ်သားများ ကူတိုက်ပေးနေကြပါသည်။
ရုရှား နိုင်ငံတွင် ဖွဲ့စည်းထားသော ဤ Wagner Group ကြေးစားစစ်သားများမှာ တိုက်ချင်ခိုက်ချင် သတ်ချင်ဖြတ်ချင်သူများ နှင့် အကျဉ်းထောင်အတွင်းမှ အာမခံဖြင့် စစ်ထဲဝင်ရောက်လိုသူများ ဖြင့် ဖွဲ့စည်းထားသော ကြေးစား စစ်တပ်ဖြစ်ပါသည်။ ကြေးစားစစ်တပ်ဆိုသော်လည်း အသေအချာ လေ့ကျင့်သင်ကြားထားသော စစ်တပ်ဖြစ်ပါသည်။
ဤ Wagner Group ၏ တိုက်ခိုက်မှုကြောင့် Bahkmut မြို့ကလေး ကျဆုံး လုနီးပါးဖြစ်ခဲ့ရပါသည်။ သို့သော် ယူကရိန်း ဘက်မှ အလှည့် အပြောင်းအနေဖြင့် ချေချင်ညာ ခွဲထွက် သူပုန်များက ယူကရိန်း ဘက်မှ ကူညီတိုက်ပေးနေသဖြင့် Bakhmut မြို့ ကျမသွားခြင်း ဖြစ်ပါသည်။
ရုရှားတွင် ပူတင်အာဏာ ရလာကာစတွင် ချေချင်ညာ မှ ရုရှားမှ ခွဲထွက်ရန် တောင်းဆိုခဲ့ကြပါသည်။ ထိုအချိန် ပူတင်က ရုရှား စစ်တပ်အားသုံးကာ ချေချင်သူပုန်( မျိုးချစ်တပ် ) များအား ရက်ရက်စက်စက် နှိမ်နှင်ကာ ချေချင်မြို့အား ပူတင်အလိုတော်ကျ ခေါင်းဆောင်တယောက် ခန့်ထားခဲ့လိုက်ပါသည်။
ထိုအချိန်တွင် ချေချင်မျိုးချစ် သူပုန် တပ်သား အမြောက်အများ ဥရောပနိုင်ငံ ပေါင်းစုံ သို့ ပြေးပုန်း ခဲ့ကြရပါသည်။ ယခု ရုရှားနှင့် ယူကရိန်း စစ်ဖြစ်လာသောအခါ ပြည်ပနိုင်ငံများတွင် ရောက်ရှိနေကြသော ချေချင် မျိုးချစ်သူပုန်များက ယူကရိန်း စစ်တပ်အတွင်းသို့ ဝင်ရောက်လာကြကာ ရုရှားအား လက်စားချေ ရန် ယူကရိန်းတွင် စစ်မှုထမ်းလာကြပါတော့သည်။
ချေချင်တပ်များကလည်း မိမိတို့အား ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သော ရုရှားစစ်တပ်အား လက်စားချေခွင့်ရနေသလို ယူကရိန်းကလည်း ကျူးကျော်သူ ရုရှားများအား ရန်သူအဖြစ်သတ်မှတ် ကာ တနှစ်ကျော်ကြာသည်အထိ ခုခံစစ်ဆင်နွဲထားနိုင်ပြီ ဖြစ်ပါသည်။
ဤ အချိန်တွင် ယူကရိန်းက တောက်ဘက် စစ်မျက်နှာ အသစ် ဖွင့်လိုက်ပါတော့သည်။ ဤသို့ စစ်မျာနှာ အသစ်ဖွင့်လိုက်သည်နှင့် တောင်ဘက်ရှိ ရုရှားတပ်များ အလျင်အမြန် ဆုတ်ခွာသွားခဲ့ကာ ကရိုင်မီးယား ကျွန်းဆွယ်တွင် အခြေချကာ ခံစစ်အတွက် ပြင်ဆင်နေရပြီ ဖြစ်ပါသည်။
ဤ ကရိုင်မီးယား ကျွန်းဆွယ်ကလည်း ယခင်က ယူကရိန်းပိုင် ဖြစ်သာ်လည်း ပူတင်က ယခင်ကတည်းက ရုရှားပိုင်ဖြစ်သည်ဟု ဆိုကာ ကျူးကျော် စစ်ဆင်နွဲကာ သိမ်းယူထားသော ကျွန်းဆွယ် ဖြစ်ပါသည်။
ယခု ကရိုင်မီးယားဒေသမှ ရုရှားမလိုလားသည့် သိန်းနှင့်ချီသော ကရိုင်မီးယား ပြည်သူ့စစ်များက ယူကရိန်း တပ်များနှင့် ပူးပေါင်းကာ ကရိုင်မီးယား ထိုးစစ်ကြီး စတင်နေပြီ ဖြစ်ပါသည်။ ပူတင်၏ အိမ်မက် များ တဖြည်းဖြည်း အရောင်ပြယ်လာနေပြီ ဖြစ်ပါသည်။
ဆက်လက်ဖေါ်ပြပေးပါမည်။
Henry Aung ( Kachin )
08/03/2023 - Wednesday - 18;29 Pm