ရုရှား ယူကရိန်း စစ်ပွဲ -အပိုင်း (၅)( Henry Aung )

@kachinhenry · 2023-03-12 11:11 · HIVE-MYANMAR

မင်္ဂလာပါ။ ကျွန်တော်ရေးသား ဖေါ်ပြနေသော ရုရှား ယူကရိန်း စစ်ပွဲ အကြောင်း ဆက်ပါအုံးမည်။ လွန်ခဲ့သော ရက်များက ရုရှား ကြေးစားများဖြစ်သည့် Wagner Group အဖွဲ့ဝင်များက Bakhmut မြို့အား သိမ်းယူရလုနီးပါး ဖြစ်ခဲ့ကြောင်း ဖေါ်ပြပေးပြီး ဖြစ်ပါသည်။ ဤ Wagner Group နှင့် ပတ်သက်၍ ယခုတလော ပူတင်၏ ရုရှား စစ်တပ်နှင့် ပြသနာ တက်ကြသည်ဟု သတင်းထွက် လာပါသည်။

ပထမ ပြသနာမှာ Bakhmut မြို့ တစိတ်တပိုင်း အား Wagner Group များ ထိန်းချုပ်နိုင်သည်တွင် Wagner စစ်သားများက က အဆောက်အဦး တခုပေါ်တွင် Wagner အလံလွှင့်ထူရင်း အောင်ပွဲခံသည့် ဗီဒီယို ဖိုင်တခုထွက်လာခဲ့ပါ။ ဤ သည်က ပထမ ပြသနာဖြစ်ပါသည်။

ဒုတိယ ပြသနာမှာ Wagner Founder ဖြစ်သူ တနည်းအားဖြင့် Wagner Group ၏ စစ်ဦးစီး ဖြစ်သူက Bakhmut ရှေ့တန်းသို့သွားကာ သူ၏ စစ်သားများဖြင့် သွားရောက်တွေ့ဆုံ ခြင်း ဖြစ်ပါသည်။ ဤ တွင် အခြားသူများအတွက်တော့ ထို အဖြစ်အပျက် နှစ်ခု မှာ သာမန် သာ ဖြစ်ပါသည်။ သို့တော့ ပူတင်အတွက်တော့ မျက်စိ စပါးမွှေးစူး စရာ ဖြစ်လာပါတော့သည်။

ပထမ Wagner အလံလွှင့်၍ အောင်ပွဲ ခံခြင်းမှာ ပူတင် ၏ ရုရှား စစ်တပ်အတွက် မျက်နှာ ပျက်စရာ ဖြစ်ပါသည်။ ဖြစ်သင့်သည်မှာ Wagner Group တို့က ရုရှား အလံ သုံး၍ အောင်ပွဲ ခံသင့်ပါသည်။ သို့သော်ပူတင်က ထိုသို့သဘော မထားပါ။ အကယ်၍ Bakhmut မြို့အား အပြီး အပိုင်သိမ်း နိုင်လိုက်သည် ဆိုလျင် ပင် ရုရှား စစ်တပ် ကြောင့် မဟုတ် Wagner Group ကြောင့်သာ ဖြစ်ကြောင်း သိသာစေသကဲ့သို့ ဖြစ်သွားရပါသည်။

အမှန် ဆိုရလျင် ရုရှားစစ်တပ်က အဖြစ်မရှိ၍ Wagner Group ကြောင့်သာ အောင်ပွဲ ရသည်ပုံ စံ ဖြစ်သွားပါသည်။ ဒုတိယအကြောင်း ဖြစ်သည့် Wagner Founder ဖြစ်သည့် Prigozhin သည် ရှေ့တန်း စစ်မျက်နှာ ပြင်သို့ ရောက်သည့် အကြောင်း။

တနည်း ဆိုရလျင် နိုင်ငံခေါင်း ဆောင် / စစ်ဦးစီး တို့သာ ရှေ့တန်း သို့သွား၍ မိမိစစ်သားများအား အားပေးစကား ပြောကြားကြပါသည်။ ဆိုရလျင် ပူတင် အနေဖြင့် စစ်ပွဲ စသည်နှင့် ရှေ့တန်းစက်မျက်နှာ သို့ တခါမှ မရောက်ခဲ့သလို ရုရှား စစ်သား များအားလည်း အားပေးစကား ပြောကြားသည်ဟူ၍ မရှိခဲ့ပါ။

ယူကရိန်း သမ္မတ ဇလန်စကီး ဆိုလျင် ရှေ့တန်း စစ်မျက်နှာသာမက ဆေးရုံ များသို့သွားကာ ဒဏ်ရာရစစ်သားများအား ကိုယ်တိုင် သွားရောက်အားပေးစကား ပြောပါသည်။ ရှေ့တန်း စစ်မျက်နှာ သို့ အရောက်သွားကာ စစ်သားများအား အားပေးစကားပြောကြားသလို ဆုတံဆိပ် ရသင့်သူများအားလည်း ပေးသင့်ပေးထိုက်သော ဆုများ ရှေ့တန်း တွင်ပင် ကိုယ်တိုင် သွားရောက်ချီးမြှင့်ပါသည်။

ဤသည်မှာ နိုင်ငံ့ ခေါင်းဆောင်နှင့် အောက်ခြေစစ်သား တို့ တသားတည်း ရှိကြောင်း ပြသရာ ရောက်သလို တိုင်းပြည်ကာကွယ်နေသော စစ်သား များ အတွက်လည်း အားတက်စရာ ဖြစ်ပါသည်။ ယခု Wagner Group founder က ရှေ့တန်း သို့သွားကာ ကြီးကြပ် သည်ဆိုတော့ ပူတင်အနေဖြင့် ဘောင်ကျော်သလို ခံစားရစေပါသည်။

ပူတင်လိုချင်သည့် ပုံစံက " သူကြီးဘုရား ရွာသာ ကောင်းမှု " ပုံစံဖြစ်ပါသည်။ စစ်တိုက်စရာရှိလျင် နင်တို့ စစ်တိုက် အောင်ပွဲခံစရာရှိလျင် ငါအောင်ပွဲခံမည်။

ဤအချိန်တွင် ပူတင်၏ ရုရှား စစ်တပ် အနေဖြင့် Wagner Group အား ခဲယမ်း ထောက်ပံ့မှု ဖြတ်လိုက်ပါတော့သည်။ ရလဒ်အနေဖြင့် Wagner Group တို့ Bakhmut စစ်မြေပြင် တွင် ယူကရိန်း၏ တန်ပြန်ထိုး စစ်အား မရှုမလှ ခံရပါတော့သည်။ စစ်ရေး ကျွမ်းကျင်သူများ၏ အဆိုအရ ယခု March လ အစောပိုင်းမှ တဖန် ပြန်လည် စတင်လာသော စစ်ပွဲများတွင် နေ့စဉ် ရုရှားစစ်သား ၅၀၀ မှ ၈၀၀ ကျဆုံးလျက်ရှိသည်ဟု ဖေါ်ပြကြပါသည်။

နောက်တခု ရုရှား စစ်တပ် အထိနာနေသည်မှာ စစ်ပြေးများ ဖြစ်ပါသည်။ ယူကရိန်းက Web Site အသစ်တခု လွှင်တင်လိုက်ပါသည်။ I want to live ဟူသော website မှာ ယူကရိန်း စစ်မြေပြင် တွင် အသေမခံ လိုသော ရုရှား စစ်သားများ မည်သို့ လက်နက်ချ အဖမ်း ခံရန် နှင့် ဤသို့ အဖမ်း ခံသောကြောင့် လူလူသူသူ ဆက်ဆံ ခံရမည် / အစားအသောက် နေစရာ စီစဉ်ပေးမည် စသည့် အကြောင်းအရာအတော်များများ ပါဝင်ရာ ထို Website ကြောင့် ရုရှား စစ်သား အတော်များများယူကရိန်း စစ်တပ်သို့ အဖမ်းခံကြပါသည်။ ဤသည်ကလည်း ရုရှား စစ်တပ်၏ အားနည်းချက် တချို့ပင် ဖြစ်ပါသည်။

ပို၍ ကွာခြားစေသည်ကတော့ စိတ်ဓာတ် ဖြစ်ပါသည်။ ယူကရိန်း ကတော့ တိုင်ပြည်ကာကွယ်၍ ကျဆုံးသွားလျင် အသိအမှတ်ပြု သူရဲကောင်း ဖြစ်မည်။ ရုရှား စစ်သားကတော့ ကျဆုံးသွားလျင် လူမသိ သူမသိ ဖြင့် ပျောက်ကွယ်သွားကြရမည် ဖြစ်ပါသည်။ ရုရှား နှင့် ယူကရိန်း သည် ရန်ဘက်လည်း မဟုတ် / တဖက်နှင့် တဖက် ရန် စောင်နေကြသူများလည်း မဟုတ်ကြပါပဲနှင့် စစ်တိုက်နေကြပါသည်။

သို့သော် ယူကရိန်းက တိုင်ပြည် ကာကွယ်သူ ရုရှားက ပူတင်ကြောင့် စစ်ထွက်တိုက်နေရသူ။ ခံယူချက် အတော်လေး ကွာပါသည်။ နောက်ဆုံးတွင် ပူတင်အနေဖြင့် ယမန်နေ့ ဆောင်းပါးတွင် ဖေါ်ပြခဲ့သလို သူစခဲ့သော စစ်အား မနိုင် နိုင်အောင် တိုက်ရတော့မည် ဖြစ်ပါသည်။

ရုရှား စစ်သားများကကော မည်မျှ အထိ အသေအကြေခံ၍ ဤ အဓိပ္ပာယ် မရှိသော စစ်အား တိုက်နိုင်ကြပါမည်နည်း။ နောက်ဆုံး ဖြစ်နိုင်စရာ ၂ ခုသာ ရှိပါသည်။ ပူတင်အနေဖြင့် ငါမနိုင်မင့် အတူတူ အားလုံးသေကြတာပေါ့ ဟူ၍ နူးကလီးယား လက်နက် ထုတ်သုံးမည်လား သို့မဟုတ် ပူတင်၏ အတွင်းလူများက အားလုံး စုပေါင်း၍ ပူတင်အား ဖြုတ်ချ လိုက်မည်လား ဤ ၂ ခုသာ ရှိပါသည်။

သို့သော် အာဏာရှင်တို့မည်သည် သူများအားသာ အမိန့်ပေး၍ စေခိုင်းလိုကြ၍ သူတို့ကတော့ သေမည်ကို အလွန်ကြောက်ကြသူများ ဖြစ်ပါသည်။ ဤ စစ်ပွဲ၏ အဖြေမည်သို့ ဖြစ်လာမည်ကို တော့ ဆက်လက် စောင့်ကြည့်ရမည် ဖြစ်ပါသည်။

Henry Aung ( Kachin )

12/03/2023 - Sunday - 17;42 Pm

#hive-122133 #myanmar #russia #ukarine #war #knowledge #sharing
Payout: 0.000 HBD
Votes: 40
More interactions (upvote, reblog, reply) coming soon.