Golden Sunset
These days, I am enjoying the evening twilight. Among those evenings, I like the evening twilight I saw yesterday the most. The entire western sky is golden. The clouds are bright. The cloud line has the shape of a dragon. I want to stop that moment forever.
In the Christian Bible, it is said that Joshua ordered the sun to stop in order to win the war. I am afraid that the beauty of this evening twilight will disappear, so if I had the chance, I would stop the sun. Am I being selfish for my selfish desires?...
Red Fish
I apologize to the red fish every day. Because I cant clean the small fish tank where he lives. I have been busy these days, so I apologize to the red fish almost every night. That day will not happen. The water level has also decreased quite a bit, so I cleaned the fish tank.
Looking at the clean and clear fish tank, I feel like my mind has also become clear. This kind of meritorious work is a work that is completed without having to pray. Because the benefit of cleaning the fish tank is that my mind will be clear and refreshed...
I didn't even pray...
<<---(Myanmar Language)--->>
ရွှေအိုရောင် ညနေခင်းနှင့် နီညိုရောင် ငါးကလေး
ရွှေအိုရောင် ညနေခင်း
ဒီရက်ပိုင်းမှာ ညနေခင်းဆည်းဆာကို ခံစားနေမိသည်။ ထိုညနေခင်းများထဲမှာ မနေ့က ကြည့်ရှုခဲ့ရသော ညနေခင်းဆည်းကို ပိုသဘောကျမိသည်။ အနောက်ဘက်ကောင်းကင်တစ်ခုလုံး ရှေှအိုရောငျသနျးနသေညျ။ တိမ်ဆိုင်များသည် တောက်ပနေကြသည်။ ထိုတိမ်မျှင်တန်းသည် နဂါးတစ်ကောင်၏ အသွင်ကိုဆောင်နေသည်။ ထိုအခိုက်တန့်ကို ထာဝရ ရပ်တန့်ထားပစ်ချင်မိသည်။
ခရစ်ဟန် သမ္မာကျမ်းစာတွင် ယောရှူသညျ စစ်နိုင်ရန်အတွက် နေကို ရပ်တန့်ဖို့ အမိန့်ပေးခဲ့ဖူးသည်ဟုဆိုသည်။ ကျွန်တော်ကတော့ ဒီညနေဆည်းဆာရဲ့ အလှကို ပျောက်ကွယ်သွားမှာစိုး၍ ကျွန်တော့်မှာ အခွင့်ရှိလျှင် နေမင်းကြီးကို ရပ်တန့်ပစ်ချင်သည်။ ကျွန်တော်ရဲ့ တစ်ကိုယ်ရည်စာ ဆန္ဒအတွက် ကျွန်တော်အတ္တကြီးသလိုများ ဖြစ်သွားသလား?...
နီညိုရောင် ငါးကလေး
ငါးနီကလေးကို ကျွန်တော်နေ့တိုင်း တောင်းပန်နေရသည်။ ဘာလို့လဲဆိုတော့ သူနေထိုင်တဲ့ ငါးကန်သေးသေးကလေးကို သန့်ရှင်းရေး မလုပ်ပေးနိုင်သောကြောင့်ဖြစ်ပါသည်။ ဒီရက်ပိုင်း အလုပ်ရှုပ်နေသောကြောင့် ညတိုင်းလိုလို ငါးနီကလေးကို တောင်းပန်းနေရသည်။ သည်ကနေ့ မဖြစ်တော့ချေ။ နေ့ခင်းအပူချိန်ကြောင့် ရေလည်း အတော်လေးလျော့လာပြီမို့ ငါးကန်လေးကို သန့်ရှင်းရေး လုပ်ပေးခဲ့သည်။
သန့်ရှင်းကြည်လင်သွားတဲ့ ငါးနီရဲ့ကန်လေးကိုကြည့်ပြီး ကျွန်တော့်စိတ်တွေလည်း ကြည်လင်သွားသလို ခံစားရသည်။ ဒီကုသိုလ်အလုပ်မျိုးက ဆုတောင်းစရာမလိုပဲ ပြည့်တဲ့အလုပ်ပါ။ ဘာကြောင့်လဲဆိုတော့
"ငါးကန်သန့်ရှင်းရေးလုပ်ရသော အကျိုးအားကြောင့် ကျွန်တော့်စိတ်များ ကြည်လင်လန်းဆန်းရပါစေသား..." လို့
ကျွန်တော်ဆုမှ မတောင်းခဲ့ပဲကိုး...
Thanks for Reading
KoKoMoeHein
@myanmarkoko