Hive ပင်လယ်ကြီးဆီသို့...

@myanmarkoko · 2025-08-28 02:42 · HIVE-MYANMAR

Hive ပင်လယ်ကြီးဆီသို့... Hive မှာ ကျွန်တော်တို့က "ဝေလ"ပါပဲ။

"ဖြစ်နေသောသူနဲ့ သစ်နေသောသူ... အားပေးခဲ့ပုံခြင်းလည်းမတူ... အားလုံးကိုပြုံးပြကာ ငါနှုတ်ဆတ်... အကုန်လုံးက အရူးကြီးတစ်ယောက်လို လာသတ်မှတ်... တော်ပါပြီကွာ ငါ့သီချင်းလေးများဟာ မိတ်ကပ်မကြိုက်ပါ... အားမပေးလည်းငါ အားပြည့်လို့..."

ဝေလသီချင်းနဲ့ ကျွန်တော်တို့ Hive မြန်မာ User တွေရဲ့ အဖြစ်က ခပ်ဆင်ဆင်ပါ။ ကျွန်တော်တို့ရေးတဲ့စာတွေဟာ ဖတ်ကောင်းချင်မှ ကောင်းမယ်။ ဒါပေမဲ့ ကိုယ်တိုင်ရေးသားမှုတွေပဲ။ ကူးရေးတာမဟုတ်ဘူး။ ထွင်ရေးတာ မဟုတ်ဘူး။ ကျွန်တော်တို့ သိတာလေးကို ကျွန်တော်တို့ရေးတက်သလိုချပြခြင်းသာ ဖြစ်ပါတယ်။ စာရေးဆရာမဟုတ်သလို၊ ကဗျာဆရာတွေလည်း မဟုတ်ကြပါဘူး။ ကျွန်တော်တို့ ရေးသားချက်တွေဟာ ထူးပြီးကောင်းမွန်နေဖို့မလိုပါဘူး။ ဘယ်လောက်ပဲ ထူးခြားပြောင်မြောက်နေပါစေ။ ဘယ်လောက်ပဲ မိုးပျံနေအောင် ကောင်းနေပါစေ။ ဘယ်သူမှ အားပေးမဲ့သူလည်း မရှိပါဘူး။ ရှိခဲ့ရင်လည်း လက်ဆယ်ချောင်းတောင်မပြည့်သော လူတချို့သာရှိပါလိမ့်မယ်။ @donjaun @suponechit @tin.aung.soe @htwegyi @myothuzar စတဲ့လူနည်းစုလောက်ကသာ ကျွန်တော်တို့ရဲ့ပိုစ်တွေကို ဖတ်ဖြစ်ကြမှာပါ။ လွန်ခဲ့သော ရက်အနည်းငယ်က စိတ်မပါ၍ စာရေးခြင်းကိုရပ်နားဖို့ ဆုံးဖြတ်ထားကြောင်း ပိုစ်တင်မိသည်။ @tin.aung.soe မှ နှမ်းစေ့နဲ့ မိုးစက်များသည် ဆီနဲ့ ပင်လယ်ဖြစ်လာသော ဉပမာဖြင့် အားပေးစကားပြောခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော် စာတွေ ဆက်ရေးဖို့ ခွန်အားရခဲ့ပါတယ်။

ဟုတ်ပါတယ်။ ကျွန်တော်တို့က မိုးကျရွှေကိုယ်တွေမဟုတ်ပါ။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ယုံကြည်ရာသို့ သွားနေတဲ့ ခရီးသွားတွေပါ။ မိုးပွင့်တစ်စက်မှသည် ပင်လယ်ကြီးဆီသို့ ရည်မှန်းကာ လျှောက်လှမ်းကြပါစို့...


မနေ့က ကျွန်တော်နေထိုင်ရာ အနီးတဝိုက်ကို တူမလေးနဲ့အတူ လမ်းလျှောက်သွားရင်း ရိုက်ယူခဲ့သော ဓာတ်ပုံများကို မျှဝေပေးလိုက်ရပါတယ်။

IMG_20250826_175221.jpg

IMG_20250826_175001.jpg

IMG_20250826_175227.jpg

IMG_20250826_174941.jpg

IMG_20250826_174619.jpg

IMG_20250826_174740.jpg

IMG_20250826_174718.jpg

IMG_20250826_174750.jpg

IMG_20250826_174803.jpg


ကိုကိုမိုးဟိန်း

KoKoMoeHein

@myanmarkoko


#myanmar #dailyblog #writing #thoughts #natural #photos #proofofbrain #neoxian #waivo
Payout: 0.000 HBD
Votes: 19
More interactions (upvote, reblog, reply) coming soon.