မိမိရဲ့ တစ်လတာ Hive Reward ဘယ်လိုစစ်ဆေးမလဲ?

@myanmarkoko · 2025-10-02 03:49 · HIVE-MYANMAR

Waivo web app အသုံးပြုပြီး မိမိရဲ့ တစ်လတာ Hive Reward တွေကို ဘယ်လို စစ်ဆေးရမလဲဆိုတာ မျှဝေပေးပါမယ်။ ဉီးထွေးမှ ဒီအကြောင်းအရာကို ကျွန်တော့်ပိုစ်အောက်မှာ မေးမြန်းထားသောကြောင့် Reply မှာ ပြည့်စုံစွာရှင်းြပဖို့အဆင်မပြေတာကြောင့် ယခုလို ပိုစ်တင်ပေးလိုက်ရခြင်းဖြစ်ပါတယ်။

အရင်ကတော့ ဒီလို တစ်လတာ စရင်းကို စစ်ဆေးဖို့ Leo ကဖန်တီးပေးထားတဲ့ Website တစ်ခု ရှိပါတယ်။ Links ကိုသေချာ မသိမ်းဆည်းထားခဲ့၍ မမှတ်မိတော့ပါ။ ကိုဟိန်းဆီမှာ ထို Link ရှိလောက်တယ်။

Waivo ဆိုတာ?

Waivo ဆိုတာက Hive ရဲ့ Front End App တစ်ခုပါပဲ။ သူ့ရဲ့ Website လိပ်စာကတော့ https://www.waivio.com/ ဖြစ်ပါတယ်။ Waivo token ကို Hive Engine မှာလည်း Trade နိုင်ပါတယ်။ Waivo ထဲမှာ သူတို့ရဲ့ ကုန်ပစ္စည်းတွေကို ကြော်ညာပေးခြင်းဖြစ်လည်း ပိုက်ဆံရှာလို့ရတယ်လို့ အကြမ်းဖျင်းသိထားတယ်။ ဒါပေမဲ့ သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေ ပြည့်မှီမှ ရမှာပါ။ ကျွန်တော်လည်း အသေးစိပ်တော့ မလေ့လာရသေးပါ။ Waivo မှာ ကိုဟိန်းကတော့ Stake အများကြီးလုပ်ထားတာတွေ့ရတယ်။ ဒါကြောင့် Waivo tag တွဲပေးခြင်းဖြင့် ကိုဟိန်းဆီက vote ဖြင့် Waivo token ရရှိနိုင်ပါတယ်။

မိမိရဲ့ တစ်လတာ Hive Reward ဘယ်လိုစစ်ဆေးမလဲ?

https://www.waivio.com/ ထဲသို့ မိမိရဲ့ Hive Account ဖြင့် Log In ဝင်ပါ။ Login ဝင်ရန် Hivesinger ကိုရွေးကာ မိမိရဲ့ Hive Active Key ဖြင့်ဝင်ရောက်ပါ။

Screenshot_20251002_083515_com.kiwibrowser.browser_edit_6427386476102.jpg

Screenshot_20251002_083538_com.kiwibrowser.browser_edit_6448159987036.jpg

ထို့နောက် Wallet ထဲသို့သွားပါ။ Wallet ထဲမှာ Hive ကိုရွေးပါ။ ထို့နောက် အောက်သို့သွားပါ။ Advance Report ကိုနှိပ်ပါ။ အဲ့ဒီမှာ မိမိသိချင်တဲ့ Date ကိုရွေးပါ။ ဉပမာ ၉ လပိုင်းအတွက် စစ်ဆေးချင်တယ်ဆိုရင် 01.09.25 - 30.09.25 ရွေးလိုက်ပါ။ ထို့နောက် Submit ကိုနှိပ်ပါ။ ခနစောင့်လိုက်ရင် တစ်လတာ အဝင်အထွက် စရင်းကို ဇယားနဲ့ အတိအကျ ဖော်ပြပေးပါလိမ့်မယ်။

Screenshot_20251002_083628_com.kiwibrowser.browser_edit_6526244183899.jpg

Screenshot_20251002_083647_com.kiwibrowser.browser_edit_6556001997957.jpg

Screenshot_20251002_083712_com.kiwibrowser.browser_edit_6589467892223.jpg

Screenshot_20251002_083729_com.kiwibrowser.browser_edit_6601546854200.jpg

Screenshot_20251002_083803_com.kiwibrowser.browser_edit_6614336530761.jpg

Screenshot_20251002_083857_com.kiwibrowser.browser_edit_6643437268256.jpg

Thanks for Reading

KoKoMoeHein

@myanmarkoko


#myanmar #mothly-report #waivo #sharing
Payout: 0.114 HBD
Votes: 5
More interactions (upvote, reblog, reply) coming soon.