ရှေ့ဆက်ရန်

@myanmarkoko · 2025-07-27 09:18 · HIVE-MYANMAR

သည်ကနေ့ မနက်( ၃ )နာရီလောက်ကတည်းက စတင်၍ မိုးဟာ သည်းကြီးမဲကြီး ရွာနေခဲ့သည်။ အအေးဓာတ်မှာ ယခင်နေ့တွေထက် ပို၍အေးသည်။ မြူခိုးများကလည်း အရင်ကထက် ပို၍များသည်။ ဤရာသီဉတုမျိုးမှာ နေထိုင်ရတာကကောင်းပေမဲ့ စိုစွပ်မှုနဲ့ စိတ်မကြည်မှုကိုတော့ အတော်လေးခံစားရသည်။

IMG_20250725_170844.jpg

စိတ်မကြည်လင်သောကြောင့် လုပ်ရသော အလုပ်များသည် အမှားတွေ့ရတက်သည်ဆိုသလို ညနေခင်းမှာ မှား၍ ငွေလွှဲမှု တစ်ခုပြုလုပ်ခဲ့မိသည်။ ကြီးကြီးမားမားဆုံးရှုံးမှုမဟုတ်၍ နဲနဲခံသာသည်ဟု ကျွန်တော့်ရဲ့စိတ်ကိုဖြေသိမ့်ရသည်။ သည်အမှားဟာ ကျွန်တော့်အတွက် ပထမဆုံး အမှားဖြစ်သည်။ ပထမဆုံးဖြစ်သည့်အလျောက် မိမိကိုယ်ကို ဒေါသထွက်မိသည်။ ပုံမှန်ဆိုလျှင် ငွေမလွဲခင် နှစ်ကြိမ်ခန့် စစ်ဆေးလေ့ရှိသည်။ သည်နေ့တော့ နာမည်ကို သေချာဂရုမစိုက်ပဲ ယခင်နေ့က လွဲထားခဲ့သော မှတ်တမ်းထဲကအတိုင်း လွဲလိုက်မိသည်။ ခနကြာတော့ ငွေလက်ခံသူထံမှာ ငွေမရောက်သေးဟု မေးတော့မှ မိမိမှားလွှဲမိကြောင်းသိရသည်။ ဒေါသထွက်ခြင်းများတွင် မိမိကိုယ်ကို ဒေါသထွက်ရခြင်းသည် အဆိုးရွားဆုံးဖြစ်သည်။

IMG_20250727_151655.jpg

IMG_20250727_151846.jpg

အပြင်မှာ မိုးတွေက အဆက်မပြတ်ရွာသွန်းနေ၏။ တစ်ချိို့လူတွေက မိုးရွာထဲမှာ ထီးဖြင့် လမ်းလျှောက်သွားနေကြသည်။ မိုးက မိုးရွာတဲ့အလုပ်ကို လုပ်နေသလို လူတွေကလည်း သူတို့လုပ်စရာရှိသည်ကို လုပ်နေကြသည်။ ကျွန်တော်လည်း မှားခဲ့သည့် အမှားက မှားခဲ့ပြီးပြီ။ နောက်တစ်ခါထပ်မမှားရန် ဆင်ခြင်သတိပြုရမည်။ မိမိကိုယ်ကို ခွင့်လွတ်ကာ ရှေ့ဆက်ရပေမည်။


ကိုကိုမိုးဟိန်း
@myanmarkoko

#myanmar #writing #daily #blog
Payout: 0.000 HBD
Votes: 23
More interactions (upvote, reblog, reply) coming soon.