မုပျောက်ဆုံးခြင်း...
စာရေးတာများ လွယ်လွယ်လေးပါ။ ဘာခက်တာမှတ်လို့လဲ။ လူတိုင်းလုပ်နိုင်တဲ့အရာလို့ တချိန်က ထင်ခဲ့ဖူးတယ်။ တကယ်တော့ စာရေးတယ်ဆိုတာ ဘယ်လောက်ခက်ခဲမှန်း Hive Blog ကိုရောက်လာမှ သိခဲ့ရတယ်။
စကားလုံးတွေဆိုတာ ကျွန်တော်တို့ရဲ့စိတ်၊ ကျွန်တော်တို့ရဲ့အတွေး၊ ကျွန်တော်တို့ရဲ့ ခံစားချက်တွေကနေ စီးဆင်းလာတဲ့ မြစ်တစ်စင်းလိုပါပဲ။ စိတ်ခံစားချက်တွေ မကောင်းရင်၊ အတွေးတွေချောင်ပိတ်နေရင် ကျွန်တော်တို့ ရေးမဲ့စာတွေဟာ မြစ်တွေလို ချောမွေ့စွာ စီးဆင်းနိုင်ပါ့မလား?။ မသေချာမှု၊ အစီစဉ်မကျမှု၊ အနာဂတ်ပိတ်လှောင်မှုတွေကြားမှာ ကျွန်တော်ရေးမဲ့ စာကရော ပြေပြစ်မှာတဲ့လား? အတ္တတွေ ကင်းနိုင်မှာတဲ့လား?
သေချာပါတယ် ကျွန်တော်ရေးမဲ့ စာတွေဟာလည်း အဆင်မပြေမှုတွေပဲ ဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် အဆိပ်အတောက် ဖြစ်စေမဲ့စာတွေ ရေးဖို့ထက် စာမရေးပဲ နေလိုက်တာက ပိုပြီး ဖြစ်သင့်တယ်လို့ ကျွန်တော်ထင်မိတယ်။ ဒါကြောင့် ရှေ့လျှောက်စာရေးတာတွေ နည်းသွားလိမ့်မယ်။ ဒါပေမဲ့ စိတ်ချပါ။ ကျွန်တော်ပြောချင်တာတွေရှိရင် လာလာပြီး ရင်ဖွင့်မှာပါ။
ဒီပန်းပုံလေးတွေက ဒီရက်ပိုင်းရိုက်ယူထားခဲ့တာပါ။ မိတ်ဆွေများအားလုံး ပန်းလိုမွှေး၍ စမ်းလိုအေးကြပါစေ...
ကိုကိုမိုးဟိန်း
KoKoMoeHein
@myanmarkoko