အတုလား အစစ်လား - မျက်လုံးစားမလား

@myanmarkoko · 2025-08-21 14:41 · HIVE-MYANMAR

ဒီနေ့ နေ့ခင်းမှာ ကျွန်တော်အလွန်စားချင်နေသည့် ဝက်သားဒုတ်ထိုးကို စားခဲ့သည်။ "အသီးမှာသရက်၊ အသားမှာ ဝက်"ဆိုသလို ဝက်သည် မစားရသည့်နေရာ မရှိပါ။ ဝက်သားဒုတ်ထိုးဆိုင်တွင် ကျွန်တော်စားနေစဉ်...

"မျက်လုံးရှိလား" "မျက်လုံးက ရှိသေးလားမသိဘူး။ ခုနက လာဝယ်သွားသေးတယ်။ နေဉီး... ကျန်သေးလား ကြည့်ပေးမယ်။ ဟာ... မင်းကံကောင်းလို့ မျက်လုံးတစ်လုံးကျန်သေးတယ်..."။

"ရှိတာပေးဗျာ"

"အေအေ မင်းကံကောင်းလို့ မျက်လုံးစားရတာ။ မင်းကနောက်ကျတာကိုး...။ မျက်လုံးစားချင်ရင် စောစောလာကွ"

အင်း... စားသူတော့မသိ။ ကြားရသူ ကျွန်တော်တော့ ဝက်မျက်လုံးကြည့်ပြီး ကျောချမ်းသွားသလို ခံစားရသည်။ ​အော်... ဝက်ဖြစ်ရတဲ့ဘဝက အတော် ကံဆိုးတာပဲနော်...။

IMG_20250821_131040.jpg

IMG_20250821_131035.jpg

Social media သည်တစ်နေ့ထက်တစ်နေ့ ပိုမိုးတိုးတက်လာသည်။ တိုးတက်မှုနှင့်အတူ လိုအပ်ချက်များနှင့် ထိန်းသိမ်းသင့်သည်များလည်းရှိသည်။ မိမိတို့တို့ Platfrom ရှင်သန်ရပ်တည်ရေးတစ်ခုတည်းအတွက် လူတွေကို ကြောင်စာလို မကျွေးသင့်ပါ။

ဒီနေ့ ည ၈နာရီခန့် YT Short မှာတက်လာတဲ့ Video ကိုကြည့်ပြီး ကျွန်တော်အမေက "ဟယ်... ထူးဆန်းလိုက်တာ" ဆိုပြီးအော်ပြောသည်။ ကျွန်တော်ကဘာလဲဆိုပြီး အမေ့ကိုမေးတော့ "ဒီမှာ မိန်းမမျက်နှာနဲ့ ယောကျာ်းမျက်နှာ ပူးနေတာ၊ ထူးဆန်းလိုက်တာ"တဲ့။ "မဟုတ်ဘူး အမေရဲ့၊ ဒါတွေက AI နဲ့ ဖန်တီးထားတာ၊ အစစ်မဟုတ်ဘူး" လို့ကျွန်တော်ကရှင်းပြသည်။ အမေက ကျွန်တော်ရှင်းပြတာကို မယုံနိုင်သေး။ "နင်ပြောတာ ဟုတ်ရဲ့လား" ဟုမယုံသလို ပြန်မေးသည်။ AI သည် အရမ်းတိုးတက်နေပါသည်။ ကျွန်တော့် အမေမှာ အစစ်နဲ့အတုပင် မခွဲခြားနိုင်တော့ပါ။

IMG_20250821_192926.jpg

ကိုကိုမိုးဟိန်း @myanmarkoko

#myanmar #writing #ai-creation #realorfake #thoughts #sharing
Payout: 0.000 HBD
Votes: 18
More interactions (upvote, reblog, reply) coming soon.