မြန်မာ မိန်းကလေး အများစုမှာ အလှပ ကြိုက်ပီး ခေါင်းဖီး၊ သနပ်ခါးလိမ်း ကြပါသည်။ အိမ်တစ်အိမ်မှာ မိန်းကလေးရှိရင် မရှိ မဖြစ်လိုအပ်သည့် အရာထဲတွင် မှန်တင်ခုံဖြစ်ပါသည်။
အိမ်မှာ ချစ်ဇနီးနဲ့ ချစ်သမီး ရှိသည့်အတွက် ကိုယ်ပိုင်အိမ်လေး တည်ဆောက်ပီ အလှပြင်ရန် မှန်၊ခေါင်းဖီး၊ သနပ်ခါး၊ အလှပြင် ပစ္စည်း အစုံတင်ထားဖို့ ကျွန်းသားဖြင့် ပြုလုပ်ထားသည့် မှန်တင်ခုံလေး မှာထားဖြစ်ခဲ့သည်။ ချစ်ဇနီးက ကျွန်တော် မှာထားသည့် မှန်တင်ခုံဒီဇိုင်း ကြိုက်သည် ဆိုတော့ ကျွန်တော် ပိုပျော်ပါသည်။
သို့သော် မှာထားစဉ်က ကျွန်းသားပေါ် တွင် ရွှေဝါရောင် ကိုသာ မှာထားခဲ့သည်။ လက်သမား ဆရာက အပြာရောင် ဆေးသုတ် ပေးခဲ့ပါသည်။ ကျွန်တော့် ချစ်ဇနီးက မှန်တင်ခုံ အရောင် မကြိုက်သဖြင့် ကျွန်တော်ကိုယ်တိုင် ရွှေဝါရောင်ဆေး ဝယ်ယူကာ ဆေးသုတ် ပေးခဲ့ပါသည်။
ချစ်ဇနီး ကြိုက်သည့် အရောင် ကိုယ်တိုင် စိတ်တိုင်းကျ ဆေးသုတ် ပေးခဲ့ရသည့် ကျွန်တော်လည်း ပျော်သည်။ ဘဝ အနှစ်သာရ တစိတ်တစ်ပိုင်းတွင်ပါဝင်မည် ထင်ပါသည်။
ချစ်ဇနီးနဲ့ ချစ်သမီး အမြဲလှပစေဖို့ ကိုယ်တိုင်ပီတီဖြင့် တင်ဆက်ပေးလိုက်ပါသည်။
ဒီစာက ကျွန်တော်၏ ဇနီးကိုယ်တိုင် ဓာတ်ပုံရိုက်ပြီး စာရေးထားတာပါ။ သူ့စိတ်ကူးနဲ့ သူ့ဆန္ဒပါပဲ။