အားလုံးမင်္ဂလာပါ။
အခု ရက်ပိုင်း ရွာမှာ ရောက်နေတာမို့ သင်တန်းတစ်ဘက်ကြောင့် နေ့စဥ်ရေးနေတဲ့ Actifit ပိုစ့်လေးတွေမရေးဖြစ်နေပါဘူး။ manifestation နဲ့ ဆိုင်တာလေးတွေမှတ်မိသလောက်ပဲ ချရေးဖို့ စဥ်းစားမိလိုက်ပါတယ်။
ဟိုတစ်ရက်က tiktok မှာ တွေ့မိတာက ကျွန်တော်တို့ တုန့်ပြန်မှု လုပ်တိုင်း အမြင့်ပိုင်း frequency တွေက ကျွန်တော်တို့ကို ချိတ်ဆက်လို့ မရတော့ဘူးလို့ပြောပါတယ်။ ကျွန်တော်တို့ တုန့်ပြန်မှု လုပ်ရင် fight or flight mode ထဲ ရောက်သွားတယ် - ကျွန်တော်တို့က ပြန်တိုက်ပြီးတုန့်ပြန်မလား၊ ဒါမှမဟုတ် တိမ်းရှောင်ပြီး တုန့်ပြန်မလား ဆိုတဲ့ mode ထဲရောက်သွားတာပါ။
ပြီးတော့ ဆေးဘက်ဆိုင်ရာ တွေ့ရှိချက်တွေအရ ဒီလို ချက်ချင်း တုန့်ပြန်တာဟာ ကျွန်တော်တို့ရဲ့ ဆင်ခြင်နိုင်စွမ်းအား ကိုပိတ်စေတယ်လို့ဆိုပါတယ်။ ဦးနှောက်ဟာလည်း ကြွက်သားတွေဆီကို သွေးပို့ဖို့ ပို လုပ်ဆောင်တာမို့ ဆင်ခြင်ဆုံးဖြတ်နိုင်စွမ်းကိုလည်း ထိခိုက်စေတယ်လို့ဆိုပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့က ကလေးတွေကို ကြောက်အောင်လုပ်ပြီး ထိန်းကျောင်းဆက်ဆံတာမျိုး မလုပ်သင့်ဘူးလို့ဆိုပါတယ်။ ဥပမာတော့ မပြတတ်ပါ။
ကျွန်တော်တို့တွေဟာ တုန့်ပြန်တာ မလုပ်ပဲ အကြည့်သက်သက်ပဲ ကြည့်တတ်ဖို့လိုတယ်လို့ဆိုပါတယ်။ အဲဒါမှ ကျွန်တော်တို့က မြင့်မြတ်တဲ့ လှိုင်းတွေကို လက်ခံနိုင်မယ်လို့ဆိုပါတယ်။
တစ်ခါတစ်လေ အတိတ်ကို ပြန်ကြည့်မိရင်လဲ၊ ဒေါသစိတ်၊ မခံချင်တဲ့ စိတ်နဲ့ တုန့်ပြန်ခဲ့မိတာကြောင့် ကိုယ့်ဘဝ အကောင်းဘက်ကို တစ်ဆစ်ချိုးပြောင်းနိုင်တဲ့အခွင့်အလမ်းကနေ ဆုံးရှုံးခဲရတာတွေကို တွေ့ရပါတယ်။ ကျွန်တော် စင်ကာပူမှာ သွားပြီးအလုပ်ရှာတုန်းကလည်း ရတဲ့အလုပ်က oncall eletrician ဖြစ်တာမို့ မလုပ်ပဲ ပြန်လာဖြစ်ခဲ့တာ၊ ၂၀၁၅ ကျောင်းပြီးတုန်းက ကျောင်းမှာ ရတဲ့ အလုပ်ကို စိတ်မရှည်ပဲ စိတ်ဖိအားကြောင့် မြန်မာပြည်ပြန်ခဲ့တာ တွေက ကိုယ့်အတွက် အတွေ့အကြုံတွေပါပဲ။ တုန့်ပြန်မှုကြောင့် အခွင့်အရေးတွေဆုံးရှုံးလိုက်ရတာပါ။
ဒါကြောင့် ပြန်တွေးမိတာက ငါသာ မတုန့်ပြန်ပဲ ကြည့်တတ်တဲ့ ဝိပဿနာကိုသာ အဲတုန်းက သိထားရင် ငါ့ဘဝပုံစံကလဲ တစ်မျိုးဖြစ်နေမှာပဲဆိုတာပါပဲ။ နောင်တနဲ့ မဟုတ်ပဲ fact အနေနဲ့ ပြန်ကြည့်တာဖြစ်ပါတယ်။
ကျွန်တော်တို့ (ပုံအောက်ဆုံးကနေကြည့်ရင်) ရှက်စိတ်၊ အပြစ်ရှိတယ်ခံစားရတဲ့စိတ်၊ စိတ်မပါခြင်း၊ ဝမ်းနည်းခြင်း၊ ကြောက်စိတ်၊ အလိုဆန္ဒ၊ ဒေါသ၊ မာန်မာန စတဲ့ အောက်တန်းစား (ပုံရဲ့ အောက်ပိုင်းမှာ ရှိနေလို့) စိတ်နဲ့ မတုန့်ပြန်ဖို့ ပထမအဆင့် ကြိုးစားရမယ်လို့ မြင်ပါတယ်။ ဒါမှပဲ ကျွန်တော်တို့ဟာ ကောင်းမွန်တဲ့ vibration တွေကို ထုတ်လွတ်လာနိုင်မှာ ဖြစ်ပြီးတော့ အဲဒီကတစ်ဆင့် ကောင်းမွန်တဲ့ ကြိမ်နုန်းတွေကို ပြန်ပြီး ဆွဲငင်လာနိုင်မယ်လို့ မြင်ပါတယ်။
photo credit: https://deborahjanesutton.com/shifting-from-3d-to-5d-what-does-it-all-really-mean/
အားလုံး ကျန်းမာချမ်းသာကြပါစေ။
princekham 9th Sep 2025 Myanmar